ယနေ့ မတ်လ ၁၃ ရက် စနေနေ့ မှာ ကျရောက်တဲ့ ၂၂ နှစ်မြောက် ဖုန်းမော်နေ့ အခမ်းအနားကို ထိုင်းနိုင်ငံမဲဆောက်မြို့တွင် ကျင်းပ ခဲ့ပါတယ်။ အခမ်းအနားကို ဖုန်းမော်နေ့ ဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကျင်းပပြီး ဒီမိုကရေးစီအင်အားစုအဖွဲ့အစည်း အသီး သီးမှ ပုဂ္ဂိုလ်များ၊ ဒီမိုကရေစီရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို အပိုင်း ၂ ပိုင်းခွဲပြီး ကျင်းပခဲ့ပါတယ်။ ပထမပိုင်းအနေနဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ အသက်ပေးလှူသွားသူတွေအ တွက် ရေစက်ချတရားနာခဲ့ကြပါတယ်။ အစီအစဉ် ဒုတိယပိုင်းမှာတော့ မြန်မာပြည် လက်ရှိနိုင်ငံရေအခြေအနေနဲ့ ပတ်သက်လို့ အ ခမ်းအနား တက်ရောက်လာသူ အသီးသီးမှ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲရလဒ်အဖြစ် မြန်မာပြည်လက်ရှိ နေအထားအရ…
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ကိုသော်လည်းကောင်း ဒါမှမဟုတ် …
တာဝန်သိသည့် တာဝန်ရှိသည့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်များကိုသော်လည်းကောင်း ပြည်သူ့အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ တိုက်တွန်းကြောင်း …
ပေါ်ပေါက်လာမည့် ပြည်သူ့အစိုးရကို တခဲနက် ထောက်ခံအား ပေးမည်ဖြစ်ကြောင်း” …
ဒီဆွေးနွေးပွဲမှ ရလဒ်အဖြစ် ကြေညာချက်ထုတ်ပြန်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ .
0 comments:
Post a Comment