လွတ်မြောက်ရေးဂျာနယ် (ဇန်န၀ါရီ၊ ၂၀၁၀)

Freedom Journal (January, 2010)

ဆက်ဖတ်ရန်...

ပြည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

Statement by Free Burma Federation (14.1.2010)

ဆက်ဖတ်ရန်...

ဘရက်ခ်အိုဘားမား၏ လောကအမြင်


ကမ္ဘာပေါ်တွင် စစ်အင်အားအကြီးမားဆုံး အမေရိကန်ပြည်ထောင်စု၌ ဘရက်ခ်အိုဘားမား

သမ္မတ ဖြစ်လာသည်မှာ တနှစ်ရှိသွားပြီဖြစ်၏။ သမ္မတသက်တမ်း (၁၁) လတွင် နိုဘယ်လ်

ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသဖြင့် အိုဘားမားကိုယ်တိုင် တအံ့တသြဖြစ်သွားရသည်။ သမ္မတ

တာဝန် စတင်ထမ်းဆောင်ခါစဖြစ်၍ အောင်မြင်မှုပြစရာ မရှိသေးမီ နိုဘယ်လ်ဆု ချီးမြှင့်ခံ

လိုက်ရခြင်းသည် ငြိမ်းချမ်းရေးအတွက် လုပ်ချင်ကိုင်ချင်စိတ် ပြင်းထန်အောင် လှုံ့ဆော်

လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြ၏။ ဤသုံးသပ်ချက်ကို အိုဘားမားကလည်း

သဘောတူ၏။


သမ္မတအိုဘားမား၏ လက်ရှိနိုင်ငံခြားရေးလမ်းစဉ်တွင် အယ်လ်ကိုင်ဒါ အကြမ်းဖက်သမား

ချေမှုန်းရေးသည် အဓိကအကျဆုံး ဖြစ်သည်။ ဒီမိုကရေစီပြန့်ပွားရေး၊ လူ့အခွင့်အရေးမြှင့်

တင်ရေး၊ ဆင်းရဲသား ကယ်ဆယ်ရေး စသည်များကို ဦးစားမပေးပါ။ အမေရိကန်၏ ရေရှည်

လုံခြုံရေးသည် ပြည်တွင်းအင်အား၌ မူတည်သဖြင့် စီးပွားရေးရှင်သန်တိုးတက်မှု၊ အတတ်

ပညာ တိုးတက်မှု၊ ပညာရေးပြုပြင်မှုများကို ဦးစားပေးလုပ်ကိုင်ရန် အိုဘားမားက ရည်ရွယ်

ထားသည်။ ထို့ကြောင့် ယခင်အစိုးရကဲ့သို့ အကြမ်းဖက်သမား တိုက်ဖျက်ရေး၊ မင်းဆိုးမင်း

ညစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးကို ဦးစားမပေးခြင်းဖြစ်၏။


တိဘက်ခေါင်းဆောင် ဒလိုင်လားမားဘုန်းတော်ကြီး ၀ါရှင်တန်သို့ ရောက်ရှိလာသော်လည်း

တရုတ်အစိုးရ ငြိုငြင်မည်စိုး၍ အိုဘားမားက တွေ့ဆုံရန် ငြင်းပယ်လိုက်၏။ ဤသည်မှာ

(၁၈) နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်သမ္မတက ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။

တရုတ်ပြည်ခရီး၌လည်း ရှင်းဂျန်ပြည်နယ်မှ အူဝီဂါတိုင်းရင်းသားအရေးကို တံခါးပိတ်

အစည်းအဝေး၌သာ မေးမြန်းပြီး တရုတ်အစိုးရ၏ အခန်းကဏ္ဍကိုသာ အိုဘားမားက အတိ

အလင်း ချီးကျူးစကားပြောဆိုသည်။ ဝေဖန်မှုများ ရှိလာသဖြင့် ဒီမိုကရေစီသဘောတရားနှင့်

လူ့အခွင့်အရေးမြှင့်တင်ရေးသည် အိုဘားမား နိုင်ငံခြားရေးလမ်းစဉ်၏ သော့ချက်များဖြစ်

သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရှင်းပြရ၏။


ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အိုဘားမားအစိုးရက ဂရုမစိုက်ဟု မပြောနိုင်သော်လည်း

လောလောဆယ် ဦးစားမပေးသည်မှာ ထင်ရှားသည်။ အမေရိကန်ပြည်ထောင်စုကို အန္တရာယ်

ပေးနိုင်သည့် အကြမ်းဖက်သမားနှင့် မင်းဆိုးမင်းညစ်ကိုသာ ရွေး၍ တိုက်ခိုက်သည့် နည်းလမ်း

ပင်ဖြစ်သည်။ ဤနည်းကို သုံးခြင်းအားဖြင့် အခြားနိုင်ငံကြီးငယ်များနှင့်ဆက်ဆံကာ အမေရိကန်

အကျိုးစီးပွားကို မြှင့်တင်နိုင်လိမ့်မည်ဟု အိုဘားမား ယူဆပုံရသည်။ အဖဂန်နစ္စတန်တွင်

စစ်အင်အားဖြည့်တင်းရန် စီစဉ်နေချိန်၌ နိုဘယ်လ်ဆုရရှိသဖြင့် လက်နက်ကိုင်တိုက်ပွဲနှင့် နှလုံး

ရည်တိုက်ပွဲအကြောင်း မလွဲမသွေပြောဆိုလာရပေ၏။


အိုဘားမားကဲ့သို့ စစ်ဆင်ရေးကာလ၌ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူမှာ နိုင်ငံခြားရေး

ဝန်ကြီးဟောင်း Dr. Henry Kissinger ဖြစ်သော်လည်း ကိုယ်ကျင့်တရားမရှိသူဖြစ်သဖြင့်

အိုဘားမားက လျစ်လျူရှုလိုက်၏။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံသည့် (၆) မျက်နှာ

မိန့်ခွန်းကို (၃၆) မိနစ်ကြာ အိုဘားမားက ပြောသည်။ တရားသောစစ်ပွဲအကြောင်း ပြောဆိုသည်

က များ၏။ ကမ္ဘာပေါ်တွင် မကောင်းဆိုးဝါး ရှိနေသရွေ့ တရားသောစစ်ပွဲဆင်နွှဲရန် လိုအပ်သည်

ဟုဆိုပါသည်။ အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်ဟု အမေရိကန်လူမည်းခေါင်းဆောင်

မာတင်လူသာကင်း နိုဘယ်လ်ဆု ယူစဉ်က ပြောခဲ့သည့် မိန့်ခွန်းကိုသာ အိုဘားမားက ကိုးကား

ပြောဆိုသွားသည်။


သို့သော်လည်း မာတင်လူသာကင်းနှင့် အိန္ဒိယခေါင်းဆောင် ဂန္ဒီကြီးတို့၏ အကြမ်းမဖက်သော

နှလုံးရည်တိုက်ပွဲကို နေရာတိုင်း၌ သုံး၍မဖြစ်နိုင်ဟု အိုဘားမားက ယုံကြည်၏။ ကျူးကျော်တိုက်

ခိုက်နေသော ဟစ်တလာ၏ စစ်တပ်ကို အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲဖြင့် ဟန့်တား၍

မရနိုင်သကဲ့သို့ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင်များကို လက်နက်စွန့်လွှတ်ရန် စေ့စပ်

ဆွေးနွေး၍ မရနိုင်ဟု အိုဘားမားက ဆိုပါသည်။ ထို့ကြောင့် လက်နက်ကိုင်တိုက်ခိုက်ရန် လိုအပ်

သည့်အချိန်အခါများရှိ၏။ ဤသည်မှာ လူသား၏ အားနည်းချက်နှင့် ဆင်ခြင်တုံတရား အကန့်

အသတ်ဖြစ်သည်ဟု ဆို၏။


တရားသောစစ်ပွဲ၏ အဓိပ္ပာယ်ကို အိုဘားမားက ဖွင့်ဆိုသွားသည်။ မိမိကိုယ်မိမိ ကာကွယ်သည့်

စစ်ပွဲနှင့် အခြားနည်းလမ်း မရှိတော့၍ မတိုက်ချင်ဘဲ တိုက်ရသည့်စစ်ပွဲကို တရားသော စစ်ပွဲဟု

ဆိုသည်။ အမေရိကန်သည် အယ်လ်ကိုင်ဒါ အကြမ်းဖက် သမားအန္တရာယ်ကို ကာကွယ်သည့်

အနေဖြင့် စစ်ဆင်နေခြင်းဖြစ်သဖြင့် တရားသောစစ်ပွဲ ဖြစ်သည်ဟု ဆိုခြင်းပင်ဖြစ်သည်။ အကြမ်း

ဖက်သည့်အင်အားကို အချိုးအစားအလိုက် အသုံးပြုမှုနှင့် အရပ်သားကို အန္တရာယ်မပေးသည့်

စစ်ဆင်မှုသည် တရားသော စစ်ပွဲဟု ဆို၏။ လက်နက်မပါသော ဆန္ဒပြသမားများကို မီးသတ်

ပိုက်ဖြင့်ပက်ခြင်းနှင့် မျက်ရည်ယိုဗုံးသုံးခြင်းကို အချိုးအစားအလိုက် အကြမ်းဖက်ခြင်းဟု ဆို

နိုင်သည်။ နအဖစစ်အစိုးရကဲ့သို့ ဖြတ်လေးဖြတ်နည်းဖြင့် အရပ်သားများကို ဦးတည်တိုက်ခိုက်

ခြင်းသည်မှာ မတရားသော စစ်ပွဲပင်ဖြစ်၏။


လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် မတရားလုပ်သူကို တိုက်ခိုက်ခြင်းသည်လည်း

တရားသောစစ်ပွဲဖြစ်သည်ဟု အိုဘားမားက ဆို၏။ Balkens ဒေသတွင် နေတိုးအဖွဲ့က ၀င်

ရောက်တိုက်ခိုက်သည်ကို ဥပမာပေးထား၏။ နအဖတပ် အနိုင်ကျင့်သဖြင့် နယ်စပ်ဒေသသို့

ထွက်ပြေးကြရသော တိုင်းရင်းသားလူမျိုးစုများ၏ အခြေအနေသည် Balkens ဒေသထက်ပို၍

ဆိုးဝါးနိုင်သော်လည်း မတရားသော နအဖတပ်ကို တုံ့ပြန်မည့်သူ မရှိဘဲဖြစ်နေ၏။ အနည်းဆုံး

တိုင်းရင်းသား လက်နက်ကိုင်များကို စစ်ပစ္စည်းထောက်ပံ့ခြင်းဖြင့် မတရားသောစစ်ပွဲကို

တုံ့ပြန်သင့်ပေသည်။


တရားမျှတ၍ ရေရှည်ခံမည့် ငြိမ်းချမ်းရေးတည်ဆောက်သည့် နည်း (၃) မျိုးကို အိုဘားမား

တင်ပြသည်။ ပထမနည်းမှာ အပြည်ပြည်ဆိုင်ရာ စည်းကမ်းဥပဒေဖောက်ဖျက်သူကို အနုနည်း

ဖြင့် အရေးယူခြင်းဖြစ်သည်။ မြောက်ကိုရီးယား၊ အီရန်၊ မြန်မာကဲ့သို့သော အစိုးရများကို

အပြင်းအထန် အရေးယူခြင်းဖြင့် အပြည်ပြည်ဆိုင်ရာစည်းကမ်းကို လိုက်နာစေသည့် နည်း

ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ စည်းကမ်းကို လိုက်နာလာအောင် အရေးယူဒဏ်နိုင်ရမည်ဟု

ဆိုသည်။ သို့သော်လည်း အောင်မြင်သည့် သက်သေသာဓက ရှားပါးနေသော နည်းပင်ဖြစ်၏။


ဒုတိယနည်းမှာ လူ့အခွင့်အရေးအပေါ်၌ တည်ဆောက်သည့် တရားမျှတသော ငြိမ်းချမ်းရေး

ပင်ဖြစ်သည်။ ပဋိပက္ခဖြစ်သည်ကို မမြင်ရတိုင်း ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်ပါ။ လူ့အခွင့်အ

ရေးကို ကာကွယ်နိုင်မှ ငြိမ်းချမ်းမည်ဟုဆို၏။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့

သိက္ခာရှိသူများကို လေးစားကြောင်း ဖော်ပြသည်။ အဖိနှိပ်ခံပြည်သူ၏ ရည်မှန်းချက် အကောင်

အထည်ဖော်နိုင်ရန် လွတ်လပ်သော ပြည်သူလူထုနှင့် လွတ်လပ်သောနိုင်ငံများက အကူအညီ

ပေးရပေလိမ့်မည်။


ဤနေရာတွင် ဆက်ဆံဆွေးနွေး ဒဏ်ခတ်အရေးယူရေးသဘောတရားကို အိုဘားမားရှင်းပြ၏။

လူ့အခွင့်အရေးကို အပြောဖြင့် မြှင့်တင်၍ မရပါ။ အပတ်တကုပ် ကြိုးစားအားထုတ်၍ ဆောင်

ရွက်ရသည့်ကိစ္စဖြစ်သည်။ နအဖကဲ့သို့သော ဖိနှိပ်ညှဉ်းပန်းသော အစိုးရမျိုးကို သည်းခံဆက်ဆံ

မှသာ လိပ်ခဲတည်းလည်း အခြေအနေကို ကျော်လွှားနိုင်မည်ဟု ဆို၏။ ဤနေရာတွင် လူပေါင်း

များစွာ သေကျေပျက်စီးခဲ့ရသော မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးကို အိုဘားမားက

ဥပမာပေးထားသည်။ ခွင့်မလွှတ်နိုင်လောက်သော မှုခင်းကြီးကို ကျူးလွန်ထားသည့် မော်စီ

တုန်းကို အမေရိကန်သမ္မတနစ်ဆင်က တွေ့ဆုံဆွေးနွေး သဖြင့် တရုတ်ပြည် တံခါးပွင့်သွားပြီး

တရုတ်ပြည်သူပြည်သား အများအပြား ဆင်းရဲတွင်းမှ လွတ်မြောက်သွားကြပုံကို အိုဘားမား

ထောက်ပြထားသည်။


တတိယအချက်မှာ တရားမျှတသော ငြိမ်းချမ်းရေးတွင် နိုင်ငံရေးရပိုင်ခွင့်သာမကဘဲ စီးပွားရေး

အခွင့်အလမ်းနှင့် လုံခြုံမှု သည်လည်း အကျုံးဝင်နေခြင်းဖြစ်ပေသည်။ ကြောက်ရွံ့ခြင်းမှ

လွတ်ကင်းရုံနှင့် ငြိမ်းချမ်းမှုကို မရနိုင်ပါ။ ချို့တဲ့ခြင်းမှ လွတ်ကင်းရန်လည်း လိုအပ်ပါသည်။

ဤနေရာတွင် တိုင်းနိုင်ငံအချင်းချင်း သဘောတူချက်ရယူနိုင်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ

အားကောင်းမှု စသည်တို့ အရေးကြီးကြောင်းကိုလည်း ပြောပါသည်။


ဂန္ဒီနှင့်မာတင်လူသာကင်းတို့၏ အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲကို နေရာတိုင်းတွင်

လက်တွေ့သုံး၍ မဖြစ်နိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ချက်သည် ရှေ့ဆောင်လမ်းပြပင်

ဖြစ်ပေသည်။ ဖြစ်သင့်ဖြစ်ထိုက်သော တရားမျှတသော လောကကို တည်ဆောက်ဖို့ ကြိုး

ပမ်းရာ၌ စိတ်ဓာတ်ကျစရာမလိုပါ။ ဖိနှိပ်ညှဉ်းပန်းမှုဟူသည် ကွယ်ပျောက်သွားမည့်အရာ

မဟုတ်သဖြင့် တရားမျှတမှုကိုရရှိရန် အမြဲတမ်း တိုက်ပွဲဝင်နေရမည်ဟု ဆို၏။ ဤသို့တိုက်

ပွဲဝင်ခြင်းဖြင့် လူ့သမိုင်းသည်လည်း တိုးတက် ပြောင်းလဲလာခြင်းဖြစ်သည်ဟု အိုဘားမားက

မြင်သည်။


မြန်မာ့ရေးရာဘက်က သုံးသပ်မည်ဆိုပါက နအဖစစ်အုပ်စုကို ဖြုတ်ချရန် စိတ်မကူးသည်မှ

ာ ထင်ရှားသည်။ သည်းခံ၍ ဖျောင်းဖျ ပြောဆိုရန်သာ ရည်ရွယ်ပါသည်။ မအောင်မြင်ပါက

တင်းကျပ်စွာ ဒဏ်ခတ်မည်ဟု ဆိုသည်။ နိုင်ငံခြား၌ နအဖအပ်ထားသော ဒေါ်လာငွေကို

ချုပ်ချယ်ရန် ကြိုးစားနိုင်သည်။ သို့သော်လည်း နအဖ၏ ဆရာတဆူဖြစ်သော မြောက်ကို

ရီးယားအစိုးရကို ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ဒဏ်ခတ်ထား၍ အထီးကျန်ဖြစ်နေပါပြီ။

သို့သော်လည်း မြောက်ကိုရီးယားသည် ထင်ရာစိုင်းနေဆဲဖြစ်၏။ အခြားနိုင်ငံများနှင့်ပူးပေါင်း

၍ မင်းဆိုးမင်းညစ်ကို ဆုံးမလိမ့်မည်ဟု ယူဆရပေသည်။ သို့သော်လည်း အတွေ့အကြုံရင့်ပြီး

အချိန်ကြာလာသောအခါတွင် အိုဘားမား၏ လောကအမြင်သည်လည်း ပြောင်းလဲသွားနိုင်ပါသည်။

source:http://www.khitpyaing.org/editorial/January2010/4110.php

ဆက်ဖတ်ရန်...

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့ ။

National Liberation Struggle by Free Burma Federation

Type the rest of your post here.

ဆက်ဖတ်ရန်...

ပြည်သူ့ လွတ်မြောက်ရေးလှုပ်ရှားမူ့ ကွန်ယက်မှ နိုင်ငံတကာလူ့ အခွင့်အရေးနေ့ ထုတ်ပြန်ကြေညာချက်၊





ဆက်ဖတ်ရန်...

၁၉၉၁ ခုနှစ် ၁၀ရက် ဒီဇင်ဘာလ ကျောင်းသားလှုပ်ရှားမူ့ နှင့် ငြိမ်းချမ်းရေးနိုဘယ်ဆု

''ကျောင်းတံခါးတွေ ပိတ်ပြီးကျောင်းသားတွေကိုထောင်တံခါးဝဆီကို ပို့ လိုက်ပါတော့တယ်''
လူ့အခွင့်အရေးနေ့ လို့ ပြောရင် ဒေါ်အောင်ဆန်းစုကြည်ကိုနိုဘယ်(လ်)ငြိမ်းချမ်းရေးဆုပေးခဲ့တဲ့ နေ့ ၁၉၉၁ နိုဘယ်(လ်) ဆုထောက်ခံပွဲနဲ့ အတူ ၈၈၈၈ လူထုလှုပ်ရှားမှုကိုဆက်လက်သယ်ဆောင်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ပင်မ နဲ့ စက်မှု တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု တန်းဒီ ကိုကျမတို့ မေ့နိုင်မှာမဟုတ်ပါဘူး ။ နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုကို ဒီဇင်ဘာလ(၁၀)ရက်နေ့ တိုင်း နော်ဝေနိုင်ငံအော်စလိုမြို့ မှာပေးနေကျဖြစ်ပေမဲ့ဆုပေးရက်မတိုင်ခင်ကတစ်လ အလို လောက်ကတည်းက နိုဘယ်(လ်)ဆုရှင်ဘယ်သူလဲ ဆိုတာကြေညာပြီး သားမို့ ၁၉၉၁ရဲ့ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုကိုကျမ တို့ ရဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရတယ်ဆိုကတည်းက မြန်မာပြည်သူလူထု အင်မတန်မှ ၀မ်းသာဂုဏ်ယူနေကြသလို အဲဒီ့ဆုပေးတဲ့နေ့ မှာ ထောက်ခံပွဲတွေလုပ်ဖို့  ဆန္ဒရှိခဲ့ကြပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၀ရက် မတိုင်ခင် ဒီဇင်ဘာ ၈ရက် နဲ့ ဒီဇင်ဘာ ၉ရက်မှာရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ က တက္ကသိုလ် ၀င်းထဲမှာကျောင်းသားတွေစုရပ်လုပ်ပြီး နိုဘယ်(လ်)ဆုထောက်ခံပွဲနဲ့ အတူ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့  ဆန္ဒပြပွဲ တွ အတွက် ကျောင်းဝင်းထဲမှာလက်ကမ်းစာရွက်တွေဝေခဲ့ကြတယ်။
ဒီဇင်ဘာလ(၉)ရက်နေ့  မှာ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲ လက်ကမ်းစာရွက်ဝေတဲ့ ရူပဗေဒဂုဏ်ထူးတန်းမှ ကိုဘိုဘိုဟန် (အင်းစိန်)ကို စစ်ထောက်လှန်းရေးတွေက တက္ကသိုလ်ဝင်းထဲကိုဝင်ပြီး ခါးပိုက်နှိုက် ခါးပိုက်နှိုက်လို့  အော်ဟစ်ပြီး အဓမ္မ ဖမ်းဆီးတာကို ခံလိုက်ရပါတယ် ဒီအပေါ်ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေပြင်းပြင်းထန်ထန် ခံစားကြရပြီး တန်းဒီ လှုပ်ရှားမှု လို့ ခေါ်တဲ့ ဒီဇင်ဘာ(၁၀)ရက် လူ့ အခွင့်အရေးနေ့ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်(လ်)ဆုရတဲ့နေ့ မှာ ရန်ကုန်တက္ကသိုလ်နှင့်စက်မှုတက္ကသိုလ်စုရုံးမှုဟာကြီးမားတဲ့အင်အားတစ်ရပ်အဖြစ် စစ်အုပ်စု ကိုတုန်လှုပ်စေခဲ့ပါတယ်။
ဒီဇင်ဘာ(၁၀)ရက် နေ့  နံက်(၁၀)နာရီလောက်မှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမကြီးဘေးတက္ကသိုလ် စာကြည့် တိုက်နှင့် RCခန်းမရှေ့ကနေ ကျောင်းသားထုဟာစုရပ်လုပ်ပြီး ကြွေးကျော်သံတွေတိုင်ခဲ့ကြတယ် ကြွေးကြော်သံတွေ ကတော့
-- ဖမ်းဆီးကျောင်သားပြန်လွှတ်ရေး --- (ဒို့ အရေး)၂
---ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အားပြန်လွှတ်ရေး------(ဒို့ အရေး)၂
---စစ်အစိုရပြုတ်ကျရေး----(ဒို့ အရေး)၂
---ဒီမိုကရေစီအရေးတော်ပုံ -----(အောင်ရမည်)၂ ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူအားလုံးနီးပါး ပါဝင်တဲ့ လှုပ်၇ှားမှုကြီးဟာ အဓိပတိပတိလမ်းမပေါ်မှာ ၁၉၈၈ လူထုလှုပ်ရှားမှု နဲ့ မခြားတဲ့ကျောင်းသားထုလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့ပါတယ် ။။ စစ်အုပ်စုဟာ မခံမရပ်နိုင်ဖြစ်ပေမဲ့ ခိုးကြောင်ခိုးဝှက် နှိမ်နှင်းချင်တာကြောင့်အဲဒီ့အချိန်မှာ လုံးဝဖမ်းဆီးခြင်း မရှိခဲ့ပဲ ကျောင်းရဲ့ ပြင်ပမှထောက်လှန်းရေးကားများနဲ့ ဝန်းရံပြီး မှတ်တမ်းယူနေကြပါတယ်။ နေ့ ခင်း ၂း၀၀လောက်မှာကျောင်းသားထုက လူစုခွဲပြီး ဒီဇင်ဘာ၁၁ ရက် နံက် ၉း၃၀ ခန့် မှာပြန်လည်စုရုံးကာ ကျောင်းသားလှုပ်ရှားမှု ကိုဆက်လက်၍ 10-D နေ့ ရဲ့ကြွေးကြော်သံများကိုဆက်လက်တိုင်ခဲ့ကြပါတယ်။
ဒီမှာပဲစစ်အုပ်စုဟာ ဘွဲ့ နှင်းသဘင်ခမ်းမ မှနေ၍ လူစုခွဲရန်လူစုမခွဲလျှင်ဖမ်းဆီးနှိမ်နှင်းမည်ဟု အမိန့် ပေးနေသံကို လည်းကျောင်းသားထုကကြားနေကြပါတယ်။။ကျောင်းသားဆိုတာ မတရားတာကိုငုံ့ မခံတက်ပဲအသက်ပေးပြီးဆန့် ကျင် ခဲ့တာ မြန်မာသမိုင်းမှာဗိုလ်အောင်ကျော်တို့ အစဉ်အလာ ၇ှိပြီးသားမို့  လွယ်လွယ်နဲ့ လူစုမခွဲ အလျော့မပေးခဲ့တဲ့ ကျောင်းသားတွေကို နေ့ ခင်း ၁၂ နာ၇ီအကျော်လောက်မှာလုံထိန်းများစစ်သားများဝင်ရောက်ဖြိုခွဲဖမ်းဆီးခဲ့ပါတယ်။ အဲဒီ့ နေ့ ကအဖမ်းဆီးခံ ကျောင်းသား ၄၀၀ ကျော် ရှိခဲ့ပါတယ် ။ ထိုနည်းတူရန်ကုန်စက်မှုတက္ကသိုလ်မှာလည်း နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုကိုထောက်ခံပွဲလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ လှုပ်ရှားမှုမှာပါဝင်ခဲ့ တဲ့ ရန်ကုန်စက်မှု ကျောင်းသားတွေရဲ့ နေအိမ်ဆီကို ၁၁ ရက်နေ့ ညမှာ လိုက်လံဖမ်းဆီးခဲ့ပါတယ် ။
၁၉၉၁ ဒီဇင်ဘာလ ၁၁ ရက် ည (၈)နာရီမှာ စစ်အုပ်စုအသံလွှင့်ဌါန မှ တစ်နိုင်ငံလုံးမှာ၇ှိတဲ့တက္ကသိုလ်ကျောင်း အားလုံးကို ပိတ်ကြောင်းကြေညာလိုက်ပါတယ် ။ကျောင်းတံခါးတွေ ပိတ်ပြီးကျောင်းသားတွေကိုထောင်တံခါးဝဆီကို ပို့ လိုက်ပါတော့တယ်။။ဖမ်းဆီးခံကျောင်းသား ၄၀၀ကျော်မှ ထောင်တွင်းမှစစ်ကြောရေးလုပ်ပြီး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးတင်ဦးလှိုင် ရဲ့ တာဝန်ယူဝန်ခံမှု နဲ့  တစ်ချို့ ကို လွှတ်ပေးပြီး ခေါင်းဆောင်ဟုယူဆသူများ ဖြစ်သည့် ကိုမြတ်စံ (NLD လူငယ်) ၊ ကိုကိုကြီး(၈၈)၊ ကိုခင်မောင်ဇော် (၈၈)(သာယာဝတီထောင်ထဲတွင် စစ်အုပ်စုသတ်၍ ကျဆုံးသွားသော် ကိုစည်သူ ၏ အကိုရင်းဖြစ်သူ) နှင့် အမည်မမှတ်မိ သူနောက်တစ်ဦးအား ထောင် နှစ် ၂၀ ချမှတ်၍ ကိုသန်းထိုက်ဝင်း(NLD) ၊ ကိုကျော်ကျော်ဦး၊ ကိုယဉ်ထွေး၊ကိုမြင့်ဆွေ၊ကိုဆန်နီ၊ ကိုသက်ထွန်း(လူ့ ဘောင်သစ်) ၊ ကိုဇေယျ(လူ့ ဘောင်သစ်)၊ကိုဗထူးမောင်(၈၈)၊ ကိုအံ့ဘွယ်ကျော်(၈၈)၊ကိုသက်နိုင်(NLD) ၊ကိုဘိုဘိုဟန်(၈၈) ၊ ကိုမောင်မှိုင်း(ခ) ကိုမင်းလှိုင်(၈၈)၊ ကိုကြည်မိုးနိုင်(RIT) ၊ကိုထွန်းမြင့်ထွန်း(RIT)၊ကိုဇော်မင်းခိုင်(၈၈) ၊ကိုမျိုးမြင့် (လူ့ ဘောင်သစ်) ၊ကိုညီညီထွန်း(ဗကသ)၊ ကိုဥာဏ်ဥာဏ်ထွန်း(ဗကသ)နှင့် ၈၈ ကိုဦးဆောင်ခဲ့သော ကျောင်းသား အများစု(စုစုပေါင်း အယောက် ၃၀ကျော်) အားထောင် ၁၅ နှစ် ချမှတ်လိုက်ပြီး မခင်မိုးမိုးအေး ၊မစုစုဝင်း ၊မတိုးတိုးမြင့်၊မကေသီအေး၊မခက်မာ၊ ကိုဇော်အောင်(NLD)၊ ကိုကျော်စွာမိုး( အ -က-သ) ၊ကိုသောင်းထိုက်၊ကိုစိုးမိုးလှိုင်၊ ကိုသိန်းနိုင်(ခ)ကိုဘိုဘို(ကိုမင်းကိုနိုင်၏ညီဝမ်းကွဲ)၊ကိုစိန်ကျော်ဦး(၈၈)၊မကြူကြူ(၈၈)အပါအ၀င်(အယောက် ၆၀ကျော်) အား (၁၀)နှစ်ထောင်ဒဏ်ချမှတ်လိုက်သည်။
ထိုသို့ ရက်ရက်စက်စက် ထောင်ဒဏ်နှစ်ကြီး ချမှတ်လိုက်သည့်အပြင် သတ်မှတ်နှစ်စေ့၍ထောင်ကလွှတ်ပေး ရမည့် အချိန်တွင်(၁၀-က) ပုဒ်မတပ်၍ ကိုမြတ်စံ ၊ ကိုဗထူးမောင် ၊ ကိုယဉ်ထွေး ၊ကိုစိုးမိုးလှိုင်၊ကိုသောင်းထိုက် ၊ကိုဇေယျ၊ ကိုဇော်အောင်၊ကိုဘိုဘိုဟန် အပါအ၀င် အယောက် (၂၀)ကျော်အား နှစ်တိုးခဲ့တယ်။
ဒါ့ြေ့ကာင့်စစ်အုပ်စုဟာလူ့ အခွင့်အရေး ဆိုတာကိုဘယ်လိုမှလက်ခံနားလည်နိုင်မှာမဟုတ်သလိုလူသားတိုင်းရဲ့မွေးရာပါ
အခွင့်အရေးတွေကိုလိုက်လံတားဆီးနေမှု ချိုးဖောက်မှုတွေ ၁၉၉၁ မှာတင်မက ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှာ ကျောင်းသားများစွာကို ထပ်မံဖမ်းဆီး
ထောင်ချမှု၂၀၀၃ ဒီပဲယင်း လူသတ်မှု ၂၀၀၇ စက်တင်ဘာသံဃာသတ်မှုစတဲ့ ကြီးမားတဲ့ လူ့ အခွင့်အရေးချိုးဖောက် ခဲ့မှုတွေကိုပြုလုပ်ခဲ့ပြုလုပ်နေဆဲပါပဲ။
ဒီလိုစစ်အုပ်စုရဲ့နှစ် နှစ်ဆယ်ကျော် လက်နက်အားကိုး နဲ့ ပြည်သူအပေါ်ညှင်းပမ်းနှိပ်စက်မှုတွေအတွက် ၁၉၈၈ ကစ တဲ့ 
လူထုလှုပ်ရှားမှုကြီး ကို ဒီကျောင်းသားတွေထဲက ပဲ ဦးဆောင် အရှိန်မြှင့်ပြီးမျိုးဆက်သစ်တွေကို မဟုတ်မခံတော်လှန်ရဲ
တဲ့ အမွေတွေ လက်ဆင့်ကမ်းနေဆဲ ဆို တာယုံကြည်စွာနဲ့  ၁၉၉၁ နိုဘယ်(လ်)ထောက်ခံပွဲ ရဲ့ ဖြစ်စဉ်တစ်ချို့ ကို တင်ပြ
လိုက်ပါတယ် ။
လမင်းခင်ဘလော့မှ ကူးယူဖော်ပြသည်။

ဆက်ဖတ်ရန်...

Inflation and Burma

Inflation and Burma

ဆက်ဖတ်ရန်...

အကျဉ်းသားများလွှတ်ပေးမည်ဟုကြေညာပြီး အင်းစိန်ထောင်ရွေ့ တွင် စောင့်ဆိုင်းနေသူများ၊

ဆက်ဖတ်ရန်...

Jakata Statement

Jakarta Statement 2

ဆက်ဖတ်ရန်...

NLD မှ ထုတ်ပြန်သော ကြေညာချက်၊

ဆက်ဖတ်ရန်...

ပြည်တွင်းဖြန့်ချိမည့်ပို့စ်ကဒ်

ဆက်ဖတ်ရန်...

စုစည်းမှုအားနဲ့  နအဖအာဏာရှင်ကို တိုက်ပွဲဝင်ကြမယ်။

Gab

ဆက်ဖတ်ရန်...

Freedom Journal (July, 2009)

Freedom Journal (July, 2009)

ဆက်ဖတ်ရန်...

အာဇာနည်သွေး၊အာဇာနည်စိတ်



Poem for Martyrs' Day by Khin Ma Ma Myo

ဆက်ဖတ်ရန်...

Union of Human Rights Council and Free Burma Federation have launched a letter campaign inside Burma.

Welcome (Usda) Uhrc+Fbf

ဆက်ဖတ်ရန်...

W.H.O....Advice Use Masks Community Revised

Advice Use Masks Community Revised

ဆက်ဖတ်ရန်...

မြန်မာနိုင်ငံအမျိုးသမီးများနေ့ နှင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲ များ ပြည်တွင်းပြည်ပတွင် ပြုလုပ်၊






ဆက်ဖတ်ရန်...

ကိုမိုးသီးဇွန်နှင့် အာအက်အေဆွေးနွေးခန်း၊


ဆက်ဖတ်ရန်...

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်မှ ပြန်လည်ဖွဲ့ စည်းကြောင်းကြေညာချက်၊

ABFSU Statement and Nyein Maungs Article Copy 1


ဆက်ဖတ်ရန်...

ထိုင်းမြန်မာနယ်စပ် မြ၀တီ တံတား၊ သောင်းရင်းမြစ်ဘေးတွင် ဒီမိုကရေစီအင်အားစုများမှ ဆန္ဒပြပွဲပြုလုပ်၊




ထိုင်းမြန်မာနယ်စပ်ရှိ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်အပါအ၀င် ဒီမိုကရေစီအင်အားစုများ၊ မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော နိုင်ငံခြားသားများ မှ “ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်ရေး ဒို့ အရေး ” နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဒို့ အရေး” “စစ်အစိုးရ ပြုတ်ကျရေး ဒို့ အရေး ” “ ဒီမိုကရေစီ ရရှိရေး ဒို့ အရေး” ကြွေကြော်သံများ တိုင်၍ မြ၀တီတံတား ထိပ်မှ ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းနဘေးထိ ဆန္ဒပြခဲ့ပါသည်၊ ဆန္ဒပြကြွေးကြော်သံများ ပြုလုပ်ချိန်တွင် မြ၀တီမြို့ မှ ပြည်သူလူထုမှ မြစ်ကမ်းနဘေးသို့ စုရုံးရောက်ရှိလာပြီး လာရောက်အားပေးကြောင်းတွေ့ ရှိရပါသည်၊

ဆက်ဖတ်ရန်...

Subscriber

Enter your email address:

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ တင်သမျှသတင်း၊ဆောင်းပါးများကို အီးမေးလ်ပို့ပေးစေချင်လျှင်အထက်ပါဖောင်ထဲတွင် သင့်အီးမေးလ်လိပ်စာထည့်ခဲ့ပါရန်။

Delivered by FeedBurner

ကျွနု်ပ်တို့အားအီးမေးလ်ပို့ချင်ပါလျှင်
ဤနေရာသို့နှိပ်ပါရန်... မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဗိုလ်ချုပ်မွေးနေ့

ခေါင်းဆောင်များ