လူ့အခွင့်အရေးသတင်းစဉ်အမှတ် - ၀၁၃/၂၀၀၉
Posted by Free Burma Federation at 20:32 0 comments
Labels: Newletters, စာနယ်ဇင်း
interview with BBC at the Washinton DC 23.3.09
23.03.09 နေ့ကမြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အတွင်းရေးမှူး
ဖြစ်သူကိုရင်အေးနှင့်ရဲဘော်ရဲဘက်များစစ်အစိုးရသံရုံးတည်ရှိရာ
ဝါရှင်တန်ဒီစီတွင်ဆန္ဒပြနေရင်းဘီဘီစီအသံလွှင့်ဌာနနှင့်
အင်တာဗျူး....
Posted by Free Burma Federation at 11:17 0 comments
Labels: interview, soundfiles
Newsletters
Posted by Free Burma Federation at 05:05 0 comments
Labels: Newletters, စာနယ်ဇင်း
ဝါရှင်တန်ဒီစီတွင်တံတားဖြူနေ့အထိမ်းအမှတ်
ခင်နှင်းထက်
၁၇ မတ် ၂၀၀၉-အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမြို့ကနအဖသံရုံးရှေ့မှာ
မြန်မာ့ဒီမိုကရေစီအင်အားစုတွေစုပေါင်းပြီးတံတားနီနေ့အထိမ်း
အမှတ်ဆန္ဒပြပွဲမနေ့ကပြုလုပ်ပါတယ်။ဒီဆန္ဒပြပွဲကိုအာဏာရှင်
စနစ်ဆန့်ကျင်ရေးလူထုလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့နဲ့မြန်မာ
ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ပူးပေါင်းပြီးပြုလုပ်တာဖြစ်ပါတယ်။
အခုအချိန်ဟာတိုင်းပြည်နဲ့လူထုကိုတရားဝင်စစ်ကျွန်ပြုနိုင်ရေးအ
တွက်လုပ်ဆောင်နေတဲ့နအဖရဲ့ကြိုးပမ်းချက်တွေကိုတားဆီးနိုင်
ဖို့အရေးအကြီးဆုံးအချိန်ဖြစ်တဲ့အကြောင်း၊တားဆီးနိုင်ရေးဟာလည်း
တမျိုးသားလုံးရဲ့တာဝန်ဖြစ်တဲံအကြောင်း၊အာဏာရှင်စံနစ်ဆန့်ကျင်ရေး၊
လူထုလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ပြောခွှင့်ရပုဂ္ဂိုလ်လည်းဖြစ်၊မြန်မာ
ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်ဒုဥက္ကဌလဲဖြစ်သူကိုရွှေစင်ထွန်းကပြောပါတယ်။
"အခုလောလောဆယ်အချိန်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီတို့ကနေအခိုင်အမာတောင်းဆိုထားတဲ့နိုင်ငံရေးအကျဉ်း
သားတွေခြွင်းချက်မရှိလွှတ်ပေးရေးနဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်
ရေးဆွဲရေးအကြောင်းအရာတွေအတွက်အာဏာရှင်စံနစ်ဆန့်ကျင်ရေး၊လူထု
လွတ်မြောက်ရေးအဖွဲ့အနေနဲ့ရောမြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေနဲ့
ပါအပြည့်အ၀ထောက်ခံကြောင်းဖော်ပြအပ်ပါတယ်။"
ဒီမိုကရေစီရရှိရေးကြိုးပမ်းမှုကြီးမှာတက္ကသိုလ်ကျောင်းသားတွေရဲ့ပူးပေါင်း
ပါဝင်ခြင်းဟာအောင်မြင်ခြင်းရဲ့အသက်သွေးကြောဖြစ်သလိုပြည်သူပြည်
သားအားလုံးသာမကပဲနဲ့တပ်မတော်အတွင်းမှာပါဝင်အမှုထမ်းနေကြတဲ့
အရာရှိအရာခံ၊အကြပ်တပ်သားအားလုံးနဲ့ဝန်ထမ်းအမှုထမ်းတွေအားလုံးပါ
စစ်အာဏာရှင်စံနစ်အောက်ကနေလုံးဝလွတ်မြောက်ရေးအတွက်ဖြစ်တယ်
ဆိုတာအလေးအနက်သိစေအပ်ပါတယ်။အခုလိုအချိန်မျိုးမှာတိုင်းရင်းသားအဖွဲ့
အစည်းတွေအနေနဲ့လဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပြည်သူ့လွှတ်တော်
ကိုယ်စားပြုကော်မတီတို့ရဲ့နိုင်ငံရေးရပ်တည်မှုတောင်းဆိုမှုများနဲ့အတူတပါတည်း
ပူးပေါင်းခိုင်မာစေဖို့မေတ္တာရပ်ခံကြောင်းကိုလည်းတံတားနီနေ့အထိမ်းအမှတ်
ဆန္ဒပြပွဲမှာကိုရွှေစင်ထွန်းကပြောသွားပါတယ်။
Posted by Free Burma Federation at 08:57 0 comments
Press Release by FBF
Posted by Free Burma Federation at 10:01 0 comments
Labels: statements, ကြေညာချက်များ
၂၁ နှစ်မြောက် မြန်မာပြည်လူ့ အခွင့်အရေးနေ့
Posted by Free Burma Federation at 17:48 0 comments
Labels: သတင်းဓါတ်ပုံများ
လူ့အခွှင့်အရေးသတင်းစဉ်အမှတ် (၁၂)
Posted by Free Burma Federation at 08:25 0 comments
Labels: စာနယ်ဇင်း, သတင်းဓါတ်ပုံများ
လွတ်မြောက်ရေးဂျာနယ်အတွဲ(၁)၊အမှတ်(၁)
Posted by Free Burma Federation at 08:16 0 comments
Labels: စာနယ်ဇင်း
တောင်သူလယ်သမားနေ့ အား ဂုဏ်ပြုသောအားဖြင့် ထုတ်ပြန်ကြေညာသော မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ်၏ ကြေညာချက်။
Posted by Free Burma Federation at 02:07 0 comments
ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ထောက်ခံ ခြင်း အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ၊
.jpg)
Zawgyi assign ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့ မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင် ကျော် မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့ မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင် ကျော် မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
်၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံ ပြောဆို မှု နှင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည် မည်သည့် အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစား သုံးသပ် ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။
''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေ ဖြစ်တယ်၊ ဒီအခြေခံ ဥပဒေ ဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေး ကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ ကောင်း တာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့ စစ်ဦစီးချုပ် ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ် နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။
ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာ မှ ဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံ ပြောဆို လိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကို အားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။
Posted by Free Burma Federation at 05:52 0 comments
ဖဒိုမန်းရှာတစ်နှစ်ပြည့်။
ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပနေပုံ၊
Posted by Free Burma Federation at 05:50 0 comments
Labels: သတင်းဓါတ်ပုံများ
မြန်မာနိုင်ငံကလေးများနေ့ တွင် SAW ကျောင်းတွင် အခမ်းအနားပြုလုပ်နေပုံ၊



မြန်မာနိုင်ငံကလေးများနေ့ တွင် ထိုင်းမြန်မာနယ်စပ်ရှိ SAW ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့် ခွန်းများအား ကျောင်းသားကျောင်းသူလေးများမှ
အမှတ်တရ ပြန်လည်ပြောကြားခြင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊
နှင့် နှစ်ပတ်လည်အတန်းလိုက် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ခဲ့ပါသည်၊
Posted by Free Burma Federation at 18:02 0 comments
Labels: သတင်းဓါတ်ပုံများ
၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းချက်၊
Posted by Free Burma Federation at 17:11 0 comments
ပြည်ထောင်စုနေ့ထုတ်ပြန်ကြေညာချက်
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂ဝဝ၉ တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ ၆၂ နှစ်မြောက် ပြည်တောင်စုနေ့ အခါသမယ သမိုင်းဝင်နေ့ထူးနေ့မြတ် နှင့်စပ်လျှဉ်း၍ ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်မှ သဘောထားကြေငြာချက် ထုတ်ပြန်အပ်ပါသည်။
အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်တို့ အနေဖြင့် တောင်တန်းမြေပြန့်မခွဲခြားဘဲ
အင်္ဂလိပ်ကိုလိုနီလက်အောက်မှ အတူတကွလွတ်လပ်ရေးရရှိရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ လူမျိုးရေးမခွဲခြားဘဲ တူညီသည့်အခွင့်အရေးအပေါ်တွင်အခြေခံသည့်ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ရေး စသည့် ပြည်တောင်စုမူများအပေါ် အခြေခံ၍ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ၁၉၄၇ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမျိုးသား သွေးစည်းညီညွတ်ရေး ပင်လုံစိတ်ဓါတ် ကို မွေးဖွားပေးခဲ့သည်ဟု ကျွန်ုပ်တို့မှ လက်ခံယုံကြည်ထားပါသည်။
လွတ်လပ်ရေးရပြီး တိုင်းရင်းသားအားလုံးအတူယှဉ်တွဲနေထိုင်ရေး အကြောင်းအရာကို ဒီမိုကရေစီခေတ် ဦးနု အစိုးရမှ အပြေလည်ဆုံးဖြစ်အောင် မဆောင်ရွက်နိုင်ဖြစ်ခဲ့ပြီး တိုင်းပြည်၏ အခြေအနေ ရှုတ်ထွေးနေခဲ့ချိန် ၁၉၆၂ ခုမှ စ၍ မြန်မာပြည်ကြီးတခုလုံး စစ်အာဏာရှင်အောက်လုံးဝ ကျရောက်ခဲ့ရပြီးနောက် ပင်လုံစိတ်ဓါတ်၊ အမျိုးသားအားလုံး အတူယှဉ်တွဲနေထိုင်ရေး ဖယ်ဒရယ်စိတ်ဓါတ်ကို တစ်ပါတီအာဏာရှင် နှင့် စစ်အာဏာရှင် ခေတ်အဆက်ဆက်အောက်တွင်လည်း ထိမ်းသိမ်းမူ ဆက်လက်ပြုစုပျိုးထောင်မူလုံးဝ မရှိသည့်အပြင် ပြည်သူပြည်သားတိုင်းရင်းသားအားလုံးကို စနစ်တကျ သွေးခွဲ ဖိနှိပ် အုပ်ချုပ် ခဲ့သည်။
အာဏာရှင်ခေတ်အဆက်ဆက်တို့ အောက်တိုင်းပြည်အခြေအနေ အားလုံးကိုခြုံပြီး ကြည့်မည်ဆိုလျှင်အာဏာကိုထိမ်းချုပ်ထားနိုင်ရန်အတွက် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းချခြင်း၊ ညှင်းပန်းနိုပ်စက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ဆပ်ကြေးကောက်ခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူမျိုးစုများကို အတင်းအဓမ္မ ထိုးစစ်ဆင်ခြင်း၊ တိုင်းရင်းသားများနေထိုင်သည့် ရွာများအားမီးရှို့ခြင်း၊ တိုင်းရင်းသူများအား မုဒိန်းကျင့်ခြင်း၊ လူသတ်ခြင်း စသည့်ရက်စက်ရမ်းကားယုတ်မာမူ့များကို စစ်တပ်ကြီးတစ်ခုလုံးက အကြိမ်ကြိမ်ကျုးလွန်ခဲ့ခြင်းကြောင့် မြန်မာအမျိုးသား တိုင်းရင်းသားအားလုံးတို့ အနေဖြင့် အကြီးအကျယ် ထိခိုက်နစ်နာနေခဲ့ရပြီး တိုင်းပြည်တစ်ခုလုံးအနေဖြင့် ယနေ့အချိန်ထိ ကမ္ဘာ့အလည်တွင် ဂုဏ်သိင်္ခါကျဆင်းနေခဲ့ရသည်။
ယနေ့လက်ရှိအခြေအနေသည်လည်း တိုင်းပြည်တစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေဆဲဖြစ်သည့် အခြေအနေမှ မြန်မာအမျိုးသားအားလုံး ၊တိုင်းရင်းသားအားလုံး အတူအကွ လွတ်မြောက်ရုန်းထွက်နိုင်စေခြင်းဌာ၊ စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စု ပြန်လည်တည်ဆောက်နိုင်စေခြင်းဌာ၊ ငြိမ်းချမ်းသာယာသောတိုင်းပြည်အဖြစ် ပြန်လည်တည်ဆောက်နိုင်စေခြင်းဌာ ကျွန်ုပ်တို့အနေဖြင့်ပြည်သူပြည်သားအားလုံး၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အမျိုးသားအာလုံး အပြင် တိုင်ရင်းသား မျိုးနွယ်စုများဖြစ်သည့် ပအိုပ့်၊ ပလောင်၊ ဝ၊ လားဟူ၊ အင်းသား၊ ဓနု၊ နာဂ၊ လူရှည်၊ ပဒေါင်း အစရှိသည်တို့နှင့် အတူတကွ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်မှ အပြီးအပိုင်မောင်းထုတ်နိုင်သည့် လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခုလို နေ့ထူးနေ့မြတ် ဖြစ်သည့် ပြည်တောင်စုနေ့ တွင် ထုတ်ဖေါ်ပြောကြားအပ်ပါသည်။ ထို့အပြင်၊ စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စု နှင့် မြန်မာပြည်ပြန်လည် ထူထောင်ရေး အကြောင်းကိစ္စများကိုလည်း တိုင်းရင်းသားအားလုံး နဲ့ အတူတူဆုံးခန်းတိုင်သည်အထိ ပူပေါင်းဆောင်ရွက်သွားရန် လေးနက်သည့် ကျွန်ုပ်တို့၏ ဆန္ဒသဘောထားကိုလည်း ယခုလို အရေးကြီးသည့် ပြည်တောင်စုနေ့ အခါသမယတွင် အလေးအနက် ထုတ်ဖေါ် ပြောကြား အပ်ပါသည်။
ကျွန်ုပ်တို့ အနေဖြင့် ဒီမိုကရေစီ နှင့် လူအခွင့်အရေးရရှိရေး၊ စစ်မှန်သောဖယ်ဒရယ် ပြည်တောင်စု ဖြစ်ပေါ်လာရေး၊ စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေကြသော ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးတို့အပေါ်အစဉ်လေးစားဂုဏ်ယူလျှက်ရှိကြောင်း နှင့် တိုင်းရင်းသားမျိုးနွယ်များမှ တိုင်းပြည်တစ်ခုလုံး၏ နိုင်ငံရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်များအဖြစ် ကိုယ်စားပြုလာနိုင်စေခြင်းဌာ အလေးအနက်မျှော်လင့်ထားကြောင်းကိုလည်း ဖေါ်ပြအပ်ပါသည်။ ထိုသို့ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း တစ်မျိုးသားလုံး၏ ခေါင်းဆောင်များအဖြစ်သို့ ရရှိလာစေခြင်းဌာ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် ခေါင်းဆောင်များအနေဖြင့် တစ်တိုင်းပြည်လုံးကို အမြဲတမ်းကိုယ်စားနိုင်ပြုနိုင်သည့် နိုင်ငံရေး ဆုံးဖြတ်ချက်များ၊ ရပ်တည်ချက်များ၊ လုပ်ရပ်များ အကောင်အထည်ဖေါ်နိုင်စေခြင်းဌာ ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ လေးနက်စွာ ဆန္ဒပြုလိုက်ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံး၏ညီညွှတ်ရေးပြယုဒ်ဖြစ်သည့်ပြည်ထောင်စုနေ့
အားအစဉ်ဦးထိပ်ထားလျှက်.......
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်
Posted by Free Burma Federation at 08:34 0 comments
Labels: statements, ကြေညာချက်များ
၆၂ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပနေပုံ
Posted by Free Burma Federation at 20:46 0 comments
Labels: photos, သတင်းဓါတ်ပုံများ
၆၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကိုSSA - S ဌာနချုပ် တွင်အောင်မြင်စွာ ကျင်ပပြီးစီး

Restoration Council of Shan State (RCSS) မှ ကြီးမှူးကျင်းပသည့် ၆၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကိုသျှမ်းပြည်တပ်မတော်တောင်ပိုင်း SSA - S ဌာနချုပ် လွယ်တိုင်းလျဲန်းတွင်ကျင်းပခဲ့ပြီး သံဃာတော်များ၊ တိုင်းရင်း သားခေါင်းဆောင်များ၊ရှမ်းတိုင်းရင်းသူ/သားများနှင့်SSA လက်အောက်ခံ အဖွဲ့စည်းမှအဖွဲ့ဝင်များ အပါအ၀င် ဧည့်ပရိတ်သတ် ပေါင်း(၅၀၀၀) ကျော် တက်ရောက်ခဲ့ ပါသည်။အောက်တွင်အခမ်းအနားမှတ်တမ်းတင်ဓါတ်ပုံများဆက်လက်ကြည့်ရှူပါရန်။









Posted by Free Burma Federation at 09:47 0 comments
Labels: သတင်းဓါတ်ပုံများ
Felicitation letter for Shan National Day by Free Burma Federation
Felicitation Letter for Shan National Day by Free Burma Federation
Posted by Free Burma Federation at 06:44 0 comments
Labels: statements, ကြေညာချက်များ
Urgent Press Release of (FBF)
အဖြစ်ခံမည်လားဆိုခြင်းအားတမျိုးသားလုံးကတညီတညွတ်တည်းရွေးချယ်ဆုံးဖြတ်ရမည့်အချိန်
တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံး
လွတ်မြောက်ရေးအတွက်ကြိုးပမ်းမူ၊လှုပ်ရှားမူကြီးအားပြည်တွင်းပြည်ပနေရာအသီးသီးမှာရှိနေ
ကြသည့်နိုင်ငံရေးအင်အားစုများအားလုံးနှင့်ပြည်သူလူထုအားလုံးမှပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနိုးဆော်သည့်NLDဗဟိုမှကြေငြာချက်အပေါ်မှာအပြည့်အဝထောက်ခံကြောင်းကျွန်ုပ်
တို့မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှဖေါ်ပြအပ်ပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံ
ရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးသည်ကျွန်ုပ်တို့အားလုံးတတိုင်းတပြည်လုံးအတွက်
အခြေခံအကျဆုံးဘုံသဘောတူညီချက်လည်းဖြစ်သည်နှင့်အညီလိုအပ်သည့်လုပ်ငန်းဆောင်
တာများကိုလည်းကျွန်ုပ်တို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့်အစွမ်းကုန်ပူးပေါင်းပါဝင်လုပ်ဆောင်သွား
မည်ဖြစ်ကြောင်းထုတ်ဖေါ်ပြောကြားအပ်ပါသည်။စေ့စပ်ဖျန်ဖြေဆွေးနွေခြင်းအကြောင်းအရာများ၊
သင်ပုန်းချေခြင်းအကြောင်းအရာများ၊မေတ္တာတရားအားရှေ့တန်းတင်ပြီးသံဃာတော်များ၏ကြိုး
ပမ်းဆောင်ရွက်ခြင်းများ အားလုံး အားလုံးလစ်လျှူရှုခြင်း ကြေကွဲ ပျက်စီး ဆုံးရုံးခြင်း ခံခဲ့ကြရပြီး
သည့်နောက်၊ကျွန်ုပ်တို့အားလုံးအတွက်ရွေးချယ်စရာတစ်ခုဘဲကျန်ပါတော့သည်။ကျွန်ုပ်တို့မြန်မာ
ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့်စစ်အာဏာရှင်စနစ်နိဂုံးချုပ်ရေးအတွက်အဆုံးအဖြတ်
ပေးနိုင်သောတိုက်ပွဲဆီသို့ချီတက်တိုက်ပွဲဝင်နိုင်ရေးအတွက်ရွေးချယ်ထားပြီးပြည်သူလူထုအားလုံး
ပူးပေါင်းပါဝင်လာနိုင်ရေးမူကိုကိုင်စွဲပြီးလုပ်ဆောင်နေကြောင်းကိုလည်းတိုင်းပြည်ကိုတင်ပြအပ်
ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးစစ်အာဏာ
ရှင်စနစ်အားတွန်လှန်ဖယ်ရှားရေးဒီမိုကရေစီရရှိရေးကြိုးပမ်းမူအားလုံးသည်ပြည်သူလူထု၏နိုင်ငံ
အရေးတွင်ပါဝင်ပတ်သက်နေသည့်စွမ်းအားကိုအခြေတည်မှအောင်မြင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ထားသည်နှင့်အညီပြည်တွင်းပြည်ပရှိဒီမိုကရေစီအင်အားစုအားလုံးနှင့်ပြည်သူအာလုံး
တို့မှဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးဘုံသဘောတူ
ညီချက်အပေါ် တခဲနက်ပူးပေါင်းပါဝင်ကြ ပါရန်လေးစားစွာတိုက်တွန်းနိုးဆော်ပန်ကြားအပ်ပါသည်။
( မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်)
Posted by Free Burma Federation at 12:49 0 comments
Labels: ကြေညာချက်များ