ဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ထောက်ခံ ခြင်း အပေါ် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကကန့်ကွက်ဆန္ဒပြ၊


Zawgyi assign ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့ မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင် ကျော် မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာဂမ်ဘာရီနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Hirofumi Nakasone တို့က နအဖစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအားထောက်ခံပြောဆိုခြင်းအပေါ် ဂျပန်ရောက်ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဂျပန်လွတ်တော်ရှေ့၌ ယနေ့ မွန်လွဲ(၃)နာရီတွင် ကန့်ကွက်ဆန္ဒပြကြကြောင်းသိရသည်။
အဆိုပါဆန္ဒပြပွဲတွင် ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ(၁၅ဝ)ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး ဂျပန်နိုင်ငံ သို့ရောက်ရှိနေသည့် (ABSDF)ကျောင်းသားတပ်မတော်၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးထွန်းအောင် ကျော် မှလည်း တက်ရောက် မိန်ခွန်းပြောကြားခဲ့သည်။
်၎င်းမှ ၂ဝ၁ဝ ရွေးကောက်ပွဲအား ကုလအထူးကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့မှ ထောက်ခံ ပြောဆို မှု နှင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်တွင်းမှနိုင်ငံရေးသမားအချို့အား ၂ဝ၁ဝ ရွေးကောက်ပွဲသည် မည်သည့် အခြေခံဥပဒေကို အခြေခံ၍ ကျင်းပမည်ဆိုခြင်းကို ပြန်လည်စဉ်းစား သုံးသပ် ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

''၂ဝ၁ဝ ရွေးကောက်ပွဲဟာ ၂ဝဝ၈ ခုနှစ်နအဖ၏စိတ်ကြိုက်ရေးဆွဲထားသည့် တဖက်သတ်အခြေခံဥပဒေ ဖြစ်တယ်၊ ဒီအခြေခံ ဥပဒေ ဟာ ဘာကိုဖေါ်ညွန်းထားသလဲဆိုတော့ စစ်အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေး ကိုဖေါ်ပြထားတယ်၊ ပိုကြောက်ဖို့ ကောင်း တာက တရားဝင်အာဏာသိမ်းခွင့်ပေးထားတယ်၊ စစ်တပ်ရဲ့ စစ်ဦစီးချုပ် ဟာ တိုင်းပြည်ရဲ့လုံခြုံရေးထိခိုက် တယ်လို့ယူဆလို့ရှိလျှင် တိုင်းပြည်အာဏာကိုသိမ်းခွင့်ရှိတယ်လို့ ထည့်သွင်းရေးဆွဲထားတဲ့အတွက် ပြည်တွင်းမှ နိုင်ငံရေးသမားအချို့က ဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ကူးယဉ် နေကြတဲ့လူတွေရှိတယ်''ဟု ဦးထွန်းအောင်ကျော်မှပြောဆိုသည်။
ယင်အပြင်ဂျပန်နိုင်ငံနှင့်အခြားဒီမိုကရေစီနိုင်ငံများကို နအဖ၏ဒီမိုကရေစီကျင့်စဉ်နှင့်သွေးဖယ်သည့်လုပ်ရပ်များ အတွက် နိုင်ငံတကာ မှ ဖိအားပေးခြင်း၊ ခြောက်လှန့်သတိပေးခြင်းများကို နအဖမှဂရုပြုလိုက်နာဆောင်ရွက်ခြင်း လုံးဝမရှိသည့်အတွက် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲအား အဆိုပါနိုင်ငံများမှဝင်ရောက်ယှဉ်ပြိုင်ဖို့ ထောက်ခံ ပြောဆို လိုက်ပါက အခြားကမ္ဘာ့နိုင်ငံများမှလည်း လိုက်လံ၍ ထောက်ခံပြောဆိုမိပါက အမှာကြီးတရပ်ကို အားလုံးကျူးလွန်မိသွားသလိုဖြစ်နိုင်၍ သတိပေးဖို့လိုကြောင်းဆက်လက်ပြောကြားသည်။

ဆက်ဖတ်ရန်...

ဖဒိုမန်းရှာတစ်နှစ်ပြည့်။



ကရင့်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလားဖန်း ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပနေပုံ၊

ဆက်ဖတ်ရန်...

မြန်မာနိုင်ငံကလေးများနေ့ တွင် SAW ကျောင်းတွင် အခမ်းအနားပြုလုပ်နေပုံ၊



မြန်မာနိုင်ငံကလေးများနေ့ တွင် ထိုင်းမြန်မာနယ်စပ်ရှိ SAW ကျောင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့် ခွန်းများအား ကျောင်းသားကျောင်းသူလေးများမှ
အမှတ်တရ ပြန်လည်ပြောကြားခြင်း၊ အားကစားပြိုင်ပွဲများပြုလုပ်ခြင်း၊
နှင့် နှစ်ပတ်လည်အတန်းလိုက် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ခဲ့ပါသည်၊

ဆက်ဖတ်ရန်...

၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူးနှင့် ဆက်သွယ်မေးမြန်းချက်၊




ဆက်ဖတ်ရန်...

ပြည်ထောင်စုနေ့ထုတ်ပြန်ကြေညာချက်

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂ဝဝ၉ တွင်ကျရောက်သည့် မြန်မာနိုင်ငံ၏ ၆၂ နှစ်မြောက် ပြည်တောင်စုနေ့ အခါသမယ သမိုင်းဝင်နေ့ထူးနေ့မြတ် နှင့်စပ်လျှဉ်း၍ ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်မှ သဘောထားကြေငြာချက် ထုတ်ပြန်အပ်ပါသည်။

အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်တို့ အနေဖြင့် တောင်တန်းမြေပြန့်မခွဲခြားဘဲ

အင်္ဂလိပ်ကိုလိုနီလက်အောက်မှ အတူတကွလွတ်လပ်ရေးရရှိရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ လူမျိုးရေးမခွဲခြားဘဲ တူညီသည့်အခွင့်အရေးအပေါ်တွင်အခြေခံသည့်ဖယ်ဒရယ်ပြည်တောင်စုတည်ဆောက်ရေး စသည့် ပြည်တောင်စုမူများအပေါ် အခြေခံ၍ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ၁၉၄၇ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမျိုးသား သွေးစည်းညီညွတ်ရေး ပင်လုံစိတ်ဓါတ် ကို မွေးဖွားပေးခဲ့သည်ဟု ကျွန်ုပ်တို့မှ လက်ခံယုံကြည်ထားပါသည်။

လွတ်လပ်ရေးရပြီး တိုင်းရင်းသားအားလုံးအတူယှဉ်တွဲနေထိုင်ရေး အကြောင်းအရာကို ဒီမိုကရေစီခေတ် ဦးနု အစိုးရမှ အပြေလည်ဆုံးဖြစ်အောင် မဆောင်ရွက်နိုင်ဖြစ်ခဲ့ပြီး တိုင်းပြည်၏ အခြေအနေ ရှုတ်ထွေးနေခဲ့ချိန် ၁၉၆၂ ခုမှ စ၍ မြန်မာပြည်ကြီးတခုလုံး စစ်အာဏာရှင်အောက်လုံးဝ ကျရောက်ခဲ့ရပြီးနောက် ပင်လုံစိတ်ဓါတ်၊ အမျိုးသားအားလုံး အတူယှဉ်တွဲနေထိုင်ရေး ဖယ်ဒရယ်စိတ်ဓါတ်ကို တစ်ပါတီအာဏာရှင် နှင့် စစ်အာဏာရှင် ခေတ်အဆက်ဆက်အောက်တွင်လည်း ထိမ်းသိမ်းမူ ဆက်လက်ပြုစုပျိုးထောင်မူလုံးဝ မရှိသည့်အပြင် ပြည်သူပြည်သားတိုင်းရင်းသားအားလုံးကို စနစ်တကျ သွေးခွဲ ဖိနှိပ် အုပ်ချုပ် ခဲ့သည်။

အာဏာရှင်ခေတ်အဆက်ဆက်တို့ အောက်တိုင်းပြည်အခြေအနေ အားလုံးကိုခြုံပြီး ကြည့်မည်ဆိုလျှင်အာဏာကိုထိမ်းချုပ်ထားနိုင်ရန်အတွက် ဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းချခြင်း၊ ညှင်းပန်းနိုပ်စက်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ဆပ်ကြေးကောက်ခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလူမျိုးစုများကို အတင်းအဓမ္မ ထိုးစစ်ဆင်ခြင်း၊ တိုင်းရင်းသားများနေထိုင်သည့် ရွာများအားမီးရှို့ခြင်း၊ တိုင်းရင်းသူများအား မုဒိန်းကျင့်ခြင်း၊ လူသတ်ခြင်း စသည့်ရက်စက်ရမ်းကားယုတ်မာမူ့များကို စစ်တပ်ကြီးတစ်ခုလုံးက အကြိမ်ကြိမ်ကျုးလွန်ခဲ့ခြင်းကြောင့် မြန်မာအမျိုးသား တိုင်းရင်းသားအားလုံးတို့ အနေဖြင့် အကြီးအကျယ် ထိခိုက်နစ်နာနေခဲ့ရပြီး တိုင်းပြည်တစ်ခုလုံးအနေဖြင့် ယနေ့အချိန်ထိ ကမ္ဘာ့အလည်တွင် ဂုဏ်သိင်္ခါကျဆင်းနေခဲ့ရသည်။

ယနေ့လက်ရှိအခြေအနေသည်လည်း တိုင်းပြည်တစ်ခုလုံး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေဆဲဖြစ်သည့် အခြေအနေမှ မြန်မာအမျိုးသားအားလုံး ၊တိုင်းရင်းသားအားလုံး အတူအကွ လွတ်မြောက်ရုန်းထွက်နိုင်စေခြင်းဌာ၊ စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စု ပြန်လည်တည်ဆောက်နိုင်စေခြင်းဌာ၊ ငြိမ်းချမ်းသာယာသောတိုင်းပြည်အဖြစ် ပြန်လည်တည်ဆောက်နိုင်စေခြင်းဌာ ကျွန်ုပ်တို့အနေဖြင့်ပြည်သူပြည်သားအားလုံး၊ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အမျိုးသားအာလုံး အပြင် တိုင်ရင်းသား မျိုးနွယ်စုများဖြစ်သည့် ပအိုပ့်၊ ပလောင်၊ ဝ၊ လားဟူ၊ အင်းသား၊ ဓနု၊ နာဂ၊ လူရှည်၊ ပဒေါင်း အစရှိသည်တို့နှင့် အတူတကွ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်မှ အပြီးအပိုင်မောင်းထုတ်နိုင်သည့် လက်တွဲမဖြုတ်စတမ်း တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခုလို နေ့ထူးနေ့မြတ် ဖြစ်သည့် ပြည်တောင်စုနေ့ တွင် ထုတ်ဖေါ်ပြောကြားအပ်ပါသည်။ ထို့အပြင်၊ စစ်မှန်သော ဖယ်ဒရယ်ပြည်တောင်စု နှင့် မြန်မာပြည်ပြန်လည် ထူထောင်ရေး အကြောင်းကိစ္စများကိုလည်း တိုင်းရင်းသားအားလုံး နဲ့ အတူတူဆုံးခန်းတိုင်သည်အထိ ပူပေါင်းဆောင်ရွက်သွားရန် လေးနက်သည့် ကျွန်ုပ်တို့၏ ဆန္ဒသဘောထားကိုလည်း ယခုလို အရေးကြီးသည့် ပြည်တောင်စုနေ့ အခါသမယတွင် အလေးအနက် ထုတ်ဖေါ် ပြောကြား အပ်ပါသည်။

ကျွန်ုပ်တို့ အနေဖြင့် ဒီမိုကရေစီ နှင့် လူအခွင့်အရေးရရှိရေး၊ စစ်မှန်သောဖယ်ဒရယ် ပြည်တောင်စု ဖြစ်ပေါ်လာရေး၊ စစ်အာဏာရှင်စနစ်အောက်မှလွတ်မြောက်ရေး အတွက် ဆက်လက်တိုက်ပွဲဝင်နေကြသော ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးတို့အပေါ်အစဉ်လေးစားဂုဏ်ယူလျှက်ရှိကြောင်း နှင့် တိုင်းရင်းသားမျိုးနွယ်များမှ တိုင်းပြည်တစ်ခုလုံး၏ နိုင်ငံရေးခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်များအဖြစ် ကိုယ်စားပြုလာနိုင်စေခြင်းဌာ အလေးအနက်မျှော်လင့်ထားကြောင်းကိုလည်း ဖေါ်ပြအပ်ပါသည်။ ထိုသို့ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့်လည်း တစ်မျိုးသားလုံး၏ ခေါင်းဆောင်များအဖြစ်သို့ ရရှိလာစေခြင်းဌာ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် ခေါင်းဆောင်များအနေဖြင့် တစ်တိုင်းပြည်လုံးကို အမြဲတမ်းကိုယ်စားနိုင်ပြုနိုင်သည့် နိုင်ငံရေး ဆုံးဖြတ်ချက်များ၊ ရပ်တည်ချက်များ၊ လုပ်ရပ်များ အကောင်အထည်ဖေါ်နိုင်စေခြင်းဌာ ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ လေးနက်စွာ ဆန္ဒပြုလိုက်ပါသည်။


ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံး၏ညီညွှတ်ရေးပြယုဒ်ဖြစ်သည့်ပြည်ထောင်စုနေ့
အားအစဉ်ဦးထိပ်ထားလျှက်.......
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဆက်ဖတ်ရန်...

၆၂ နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ထိုင်းမြန်မာနယ်စပ်တွင်ကျင်းပနေပုံ

ဆက်ဖတ်ရန်...

၆၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့အခမ်းအနားကိုSSA - S ဌာနချုပ် တွင်အောင်မြင်စွာ ကျင်ပပြီးစီး



Restoration Council of Shan State (RCSS) မှ ကြီးမှူးကျင်းပသည့် ၆၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကိုသျှမ်းပြည်တပ်မတော်တောင်ပိုင်း SSA - S ဌာနချုပ် လွယ်တိုင်းလျဲန်းတွင်ကျင်းပခဲ့ပြီး သံဃာတော်များ၊ တိုင်းရင်း သားခေါင်းဆောင်များ၊ရှမ်းတိုင်းရင်းသူ/သားများနှင့်SSA လက်အောက်ခံ အဖွဲ့စည်းမှအဖွဲ့ဝင်များ အပါအ၀င် ဧည့်ပရိတ်သတ် ပေါင်း(၅၀၀၀) ကျော် တက်ရောက်ခဲ့ ပါသည်။အောက်တွင်အခမ်းအနားမှတ်တမ်းတင်ဓါတ်ပုံများဆက်လက်ကြည့်ရှူပါရန်။







ဆက်ဖတ်ရန်...

Felicitation letter for Shan National Day by Free Burma Federation

Felicitation Letter for Shan National Day by Free Burma Federation


ဆက်ဖတ်ရန်...

Urgent Press Release of (FBF)

ကျွန်ုပ်တို့တိုင်းပြည်စစ်ကျွန်ဘဝအောက်ကလွတ်မြောက်ဖို့ရန်၊စစ်အုပ်ချုပ်ရေးစနစ်အောက်က လွတ်မြောက်ဖို့ရန်မြန်မာအမျိုးသားအားလုံးအတူတကွရုန်းထွက်ကြမည်လားသို့တည်းမဟုတ် စစ်အာဏာရှင်စနစ်အားတရားဝင်ဖြစ်စေမည့်(၂ဝ၁ဝ)ရွေးကောက်ပွဲကိုနအဖအလိုကျအတိုင်း
အဖြစ်ခံမည်လားဆိုခြင်းအားတမျိုးသားလုံးကတညီတညွတ်တည်းရွေးချယ်ဆုံးဖြတ်ရမည့်အချိန်
တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံး
လွတ်မြောက်ရေးအတွက်ကြိုးပမ်းမူ၊လှုပ်ရှားမူကြီးအားပြည်တွင်းပြည်ပနေရာအသီးသီးမှာရှိနေ
ကြသည့်နိုင်ငံရေးအင်အားစုများအားလုံးနှင့်ပြည်သူလူထုအားလုံးမှပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနိုးဆော်သည့်NLDဗဟိုမှကြေငြာချက်အပေါ်မှာအပြည့်အဝထောက်ခံကြောင်းကျွန်ုပ်
တို့မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှဖေါ်ပြအပ်ပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံ
ရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးသည်ကျွန်ုပ်တို့အားလုံးတတိုင်းတပြည်လုံးအတွက်
အခြေခံအကျဆုံးဘုံသဘောတူညီချက်လည်းဖြစ်သည်နှင့်အညီလိုအပ်သည့်လုပ်ငန်းဆောင်
တာများကိုလည်းကျွန်ုပ်တို့၏ကိုယ်ပိုင်အစီအစဉ်ဖြင့်အစွမ်းကုန်ပူးပေါင်းပါဝင်လုပ်ဆောင်သွား
မည်ဖြစ်ကြောင်းထုတ်ဖေါ်ပြောကြားအပ်ပါသည်။စေ့စပ်ဖျန်ဖြေဆွေးနွေခြင်းအကြောင်းအရာများ၊
သင်ပုန်းချေခြင်းအကြောင်းအရာများ၊မေတ္တာတရားအားရှေ့တန်းတင်ပြီးသံဃာတော်များ၏ကြိုး
ပမ်းဆောင်ရွက်ခြင်းများ အားလုံး အားလုံးလစ်လျှူရှုခြင်း ကြေကွဲ ပျက်စီး ဆုံးရုံးခြင်း ခံခဲ့ကြရပြီး
သည့်နောက်၊ကျွန်ုပ်တို့အားလုံးအတွက်ရွေးချယ်စရာတစ်ခုဘဲကျန်ပါတော့သည်။ကျွန်ုပ်တို့မြန်မာ
ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့်စစ်အာဏာရှင်စနစ်နိဂုံးချုပ်ရေးအတွက်အဆုံးအဖြတ်
ပေးနိုင်သောတိုက်ပွဲဆီသို့ချီတက်တိုက်ပွဲဝင်နိုင်ရေးအတွက်ရွေးချယ်ထားပြီးပြည်သူလူထုအားလုံး
ပူးပေါင်းပါဝင်လာနိုင်ရေးမူကိုကိုင်စွဲပြီးလုပ်ဆောင်နေကြောင်းကိုလည်းတိုင်းပြည်ကိုတင်ပြအပ်
ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တကွနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးစစ်အာဏာ
ရှင်စနစ်အားတွန်လှန်ဖယ်ရှားရေးဒီမိုကရေစီရရှိရေးကြိုးပမ်းမူအားလုံးသည်ပြည်သူလူထု၏နိုင်ငံ
အရေးတွင်ပါဝင်ပတ်သက်နေသည့်စွမ်းအားကိုအခြေတည်မှအောင်မြင်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ထားသည်နှင့်အညီပြည်တွင်းပြည်ပရှိဒီမိုကရေစီအင်အားစုအားလုံးနှင့်ပြည်သူအာလုံး
တို့မှဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးဘုံသဘောတူ
ညီချက်အပေါ် တခဲနက်ပူးပေါင်းပါဝင်ကြ ပါရန်လေးစားစွာတိုက်တွန်းနိုးဆော်ပန်ကြားအပ်ပါသည်။
( မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်)

ဆက်ဖတ်ရန်...

Felicitation Letter for Karen Revolution Anniversary by Free Burma Federation

Felicitation Letter for Karen Revolution Anniversay by Free Burma Federation

ဆက်ဖတ်ရန်...

လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်




ရဲဘော်ဖိုးသံချောင်း / ၂၈ ဇန်န၀ါရီ ၂၀၀၉



တလောက ရေဒီယိုအင်တာဗျူးတခုမှာ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးကို သူတို့မှာ ဘာအစီအစဉ်တွေရှိသလဲလို့ မေးတော့ သူက သူတို့ရဲ့ အစီအစဉ်တွေကို ပြောပါတယ်။ ဒီနောက် မေးတဲ့သူက အဲဒီအစီအစဉ်တွေအောင်မြင်မယ်လို့ ယူဆပါသလားလို့ထပ်မေးတော့ အဲဒီတာဝန်ရှိသူက ဒါကတော့ လူထုအပေါ် တည်တာပဲ၊ လူထုကိုစောင့်ကြည့်ရမှာပဲလို့ ဖြေတာ ကြားလိုက်ရပါတယ်။

သူပြောပုံက သူ့ဘက်ကတော့ တာဝန်ကျေပြီ။ အဲဒီအတိုင်း လူထုကလိုက်လုပ်ရင် အောင်မြင်မှာပဲ၊ မအောင်မြင်ရင် လူထုရဲ့ တာဝန်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ နားထောင်ရင်း တုန်လှုပ်သွားမိပါတယ်။ လုပ်ငန်းစဉ်တခု၊ လမ်းစဉ်တရပ်ကို လူထုက လိုက်နာအကောင်အထည်ဖော်တာမလုပ်ရင် ဒါဟာ လူထုရဲ့တာဝန်ပဲလို့ သုံးသပ်တာမျိုးကို အရင် သခင်စိုးပါးစပ်ကပဲ ကြားဖူးပါတယ်။ အခု နှစ်ပေါင်း (၆ဝ) ကျော်ကြာပြီးတဲ့နောက်မှာ သခင်စိုးနဲ့ဘာမှမဆိုင်တဲ့ လူတဦး ပါးစပ်ဆီက ကြားရပြန်ပါတယ်။ ပြောတဲ့လေသံချင်းတော့ မတူဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်က အတူတူပါပဲ။ တနည်းပြောရရင် ကိုယ်ချမှတ်တဲ့ လုပ်ငန်းစဉ် မှန်မမှန်ဆိုတာ အရေးမကြီး၊ လိုက်လုပ်တဲ့ လူမှာ စွမ်းရည်ရှိမရှိက အရေးကြီးတယ်လို့ဆိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီတလောမှာ စက်တင်ဘာသံဃာ့အရေးအခင်းပြီးတဲ့နောက်ပိုင်း

အတော်ကြာကြာမကြားရတဲ့ “ဗမာပြည်က လူထုတွေဟာ ကြောက်နေကြတယ်” ဆိုတဲ့စကားလည်း အတော်လေး ပြန်ကြားလာရပါတယ်။ တချို့များဆိုရင် အနောက်နိုင်ငံသားတွေပြောတဲ့ လေကိုလိုက်ပြီး ဗမာပြည်က လူထုမို့ပေါ့၊ တခြားနိုင်ငံက လူထုသာဆိုလို့ကတော့ ဒီလိုဖိနှိပ်နေရင် ပေါက်ကွဲထွက်တာ ကြာလှပြီဆိုတဲ့ စကားမျိုးတွေတောင် ပြောကြပါတယ်။ ဒီလိုအပြောတွေနဲ့ ပြောင်းပြန်၊ ပြည်တွင်းကအသံတချို့ကတော့ လူတွေဟာ သေမထူး၊ နေမထူး ဖြစ်နေပြီ၊ ဘာမှမကြောက်တော့ဘူး၊ ခေါင်းဆောင်မှုမရှိလို့လို့ ပြောတာ ကြားရပါတယ်။
အရေးတော်ပုံတရပ်၊ တော်လှန်ရေးတရပ် အခက်အခဲနဲ့ရင်ဆိုင်လာရပြီဆိုရင် ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်လုပ်ကြတာ မဆန်းဘူးလို့တောင် ပြောနိုင်ပါ တယ်။ ဘာမှမဝေဖန်လိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုကိုအပြစ်တင်တာကျတော့ မဝေဖန်လို့မဖြစ်ပါဘူး။ ကိုယ်က ကျည်ဆန်မပြောနဲ့ ဒုံးပျံနဲ့လှမ်းပစ်တောင် မထိနိုင်တဲ့ နေရာမှာနေပြီး ဟိုမှာ သေနတ်ပြောင်းထိပ်နေရသူတွေကို ကြောက်တယ်လို့ ပြောတာဟာ မတရားလွန်းရာကျပါတယ်။ သေစရာရှိတော့ လူထုက သေရတာပါ။

ခေါင်းဆောင်မှုအတတ်ပညာမှာ အရေးကြီးဆုံးက လူထုအခြေအနေကို နားလည်တာနဲ့ လူထုလက်ခံနိုင်တဲ့၊ လူထုလိုက် အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တရပ်ချမှတ်ဖို့ ဖြစ်ပါတယ်။ လူထုက အကောင်အထည်မဖော်ရင် ဘာမှဖြစ်မလာပါဘူး။ အဝေးကနေ ကွန်ပျူတာတခု၊ အသံလွှင့်ချက်တခုနဲ့ လူထုလှုပ်ရှားမှုကြီးကို ထိန်းချုပ်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ဖြစ်နိုင်ပါတယ်။ လူထုထဲမှာဆင်း၊ လူထုနဲ့အတူတိုက်ပွဲဝင်ရပါမယ်။ ကိုယ်တိုင်မသွားနိုင်ရင် သွားနိုင်တဲ့လူတွေဆင်း၊ အမြုတေအင်အားအဖြစ်မြှုပ်နှံ၊ အချိန်တန်ရင်တိုက်ပွဲဖော် စသဖြင့် လုပ်ရပါတယ်။ မြေအောက်လုပ်ငန်းဆိုတာ ငွေရှိရင်ဖြစ်တာပဲဆိုတာမျိုး သဘောထားလို့မဖြစ်ပါ။ ငွေလိုအပ်ပါတယ်။ များလေကောင်းလေပါ။ ဒါပေမယ့် ငွေနဲ့ဝယ်ရတဲ့ မြေအောက်ကေဒါနဲ့ တွဲလုပ်ဖို့ဆိုရင်တော့ လူတိုင်းအနည်းဆုံး နှစ်ခါ စဉ်းစားကြမှာပါပဲ။

တချို့သော ခေါင်းဆောင် (လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေသူ) တွေဟာ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရှင်လို့ ထင်နေကြပါတယ်။ ဒါဟာ အဆိုးဆုံးပါပဲ။ ကိုယ့်ကိုယ်ကိုယ် လူထုအထက်ကလို့ ထင်တဲ့လူဟာ တကယ်သာ နိုင်ငံ့ခေါင်း ဆောင်ဖြစ်လာရင် လူထုရဲ့အထက်မှာနေမှာ၊ လူထုထက်ပိုပြီး အခွင့်ထူးတွေ ခံစားမှာ သေချာပါတယ်။ ခေါင်းဆောင်ဟာ လူထုထက် စာပိုဖတ်ထားတာ၊ အဆက်အသွယ် ပိုကောင်းတာအမှန်ပါပဲ။ ဒါပေမယ့် ဒီလိုကြောင့်မို့ လူထုကို အနုံအ-အတွေလို့ထင်ရင် မှားပါတယ်။ အရေးအကြီးဆုံးအချက်က အရာ ကိစ္စတွေ၊ အထူးသဖြင့် အရေးတော်ပုံတွေ၊ တော်လှန်ရေးတွေရဲ့အနိုင်အရှုံးကို လူထုကြီးက အဆုံးအဖြတ်ပေးတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို မမေ့ဖို့ပါပဲ။

လူထုမပါရင် ဘာမှဖြစ်မလာပါဘူး။ အောင်ပွဲဆိုတာကတော့ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ဒါကြောင့်မို့ အောင်ပွဲကို ပြည်ပအကူအညီက ယူလာပေးမယ်လို့ ယူဆမျှော်လင့်ပြီး ကိုယ့်နိုင်ငံက လူထုကိုတော့ စမ်းသပ်ခန်းထဲက ယုန်လို၊ ပူးလိုသဘောထား လုပ်ကိုင်နေတာတွေကို ရပ်တန်းက ရပ်သင့်ပါတယ်။ နောင်မှာ ရှင်းရခက်တဲ့ ပြဿနာတွေ သယ်လာတဲ့လူအဖြစ် ကိုယ်ဟာသမိုင်း တရားခံတောင် ဖြစ်သွားနိုင်ပါတယ်။

လူထုနဲ့ကေဒါ၊ လူထုနဲ့ခေါင်းဆောင်တို့အကြား မတူတာတွေကိုလည်း သဘောပေါက်ရပါမယ်။ လူထုဟာ နိုင်ငံရေးလုပ်ငန်း တခုတည်းကိုသာ အဓိက လုပ်နေတဲ့ လူတွေမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ သူတို့အနေနဲ့ စားဝတ်နေ ရေးအတွက် လုံးပန်းရသလို ကျောင်းသားဆိုရင်လည်း ပညာရေးအတွက်လုံးပန်းရ စသဖြင့် အဓိကလုပ်နေတဲ့ လုပ်ငန်းတွေ ကိုယ်စီရှိကြပါတယ်။ ကေဒါ၊ နိုင်ငံရေး သမား၊ နိုင်ငံရေး ခေါင်းဆောင်ဆိုတာကတော့ နိုင်ငံရေးလုပ်ငန်းကို အဓိကထား လုပ်နေသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သူများထက် နိုင်ငံရေးအသိလည်း ပိုမြင့်တယ်လို့ ယူဆထားရတဲ့ လူတွေဖြစ်ပါတယ်။ ဒီတော့ လူထုကို ကေဒါ၊ နိုင်ငံ ရေးသမား၊ နိုင်ငံရေးခေါင်းဆောင်တို့လို အချိန်မရွေး ထတိုက်နိုင်ရမယ်လို့ မမျှော်လင့်သင့်ပါဘူး။ ခေါင်းဆောင်ရဲ့တာဝန်ဟာ လူထုရဲ့ အခြေအနေကို သိရှိပြီး လူထုလိုက်ပါနိုင်မယ့်အချိန်၊ အဆင့်၊ တိုက်ပွဲသဏ္ဌာန်တို့ကို ရွေးချယ်ဖို့ဖြစ်ပါတယ်။

ခေါင်းဆောင်ဟာ လူထုကို ဆရာလုပ်ဖို့မဟုတ်ပါ။ ကိုယ်က လူထုထက်ပိုသိတာ၊ ပိုတတ်တာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် လူထုမှာလည်း ကိုယ့်ထက်သိတာ၊ တတ်တာတွေ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါ။ ကိုယ့်ကို သူတို့ကသိဖို့ထက် ကိုယ်က သူတို့ကိုသိဖို့က ပိုအရေးကြီးတယ်၊ ပိုလိုအပ်တယ်ဆိုတာလည်း သတိ ထားသင့်ပါတယ်။ သူတို့ကို ဆရာမလုပ်ခင် သူတို့ဆီမှာ တပည့်ခံသင့်ပါတယ်။ သူတို့ကိုယ့်ကိုယုံဖို့ဟာ အင်မတန်မှ အခရာကျပါတယ်။ ဘယ်သူမှ ကိုယ်မယုံတဲ့ လူရဲ့ ညွှန်ကြားချက်ကို လက်မခံပါဘူး။

နောက်ပြဿနာတခုက ခေါင်းဆောင်မှု (ခေါင်းဆောင်ကိုယ်တိုင်လို့ မဆိုတာ သတိပြုပါ) ဟာ ခေါင်းဆောင်ရမယ့်အချိန်မှာ ခေါင်းဆောင်ရမယ့်နေရာကို သင့်တော်တဲ့သဏ္ဌာန်နဲ့ ရောက်ရှိနေဖို့ဖြစ်ပါတယ်။ ခေါင်းဆောင်မှုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ လူထုဆီကို ရောက်ပါတယ်။ ကိုယ်တိုင်လည်းဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ကတာဝန်ပေးထားသူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တခြားနည်းနာ တွေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ လူထုလိုအပ်နေတဲ့အချိန်မှာ ဘာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ စိတ်ဓာတ်အချိန်မီ ရောက်သွားဖို့ အရေးကြီးပါတယ်။

ပြီးခဲ့တဲ့သံဃာ့အရေးအခင်းကြီးတုန်းက စက်တင်ဘာလ(၂၉) ရက်နေ့မှာ အရေအတွက် ထောင်ပေါင်းများစွာရှိတဲ့ လူထုကြီးဟာ ဒိအရင်နေ့တွေ တုန်းကလိုပဲ သံဃာတော်တွေ ထွက်လာမယ်ထင်လို့ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်း လမ်းတို့မှာ စုဝေးရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အခြေအနေက အဲဒီအရင်တညကပဲ သံဃာတော်တွေကို ကျောင်းတွေပိတ်ပြီး ရိုက်နှက်ဖမ်းဆီး ခဲ့လို့ သူတို့ဟာ ဆန္ဒပြထွက်မလာနိုင်တော့ပါဘူး။ နေ့ခင်း (၁) နာရီ၊ (၂) နာရီ လောက်ကျတော့ စောင့်ဆိုင်းနေတဲ့ လူထုကြီးဟာ သောင်းဂဏန်းဖြစ်သွားပါပြီ။ တကယ်လို့သာ အဲဒီတုန်းက ခေါင်းဆောင်မှုပေါ်လာခဲ့ရင်၊ အနည်းဆုံးလူ (၄-၅) ယေက်ကနေ သံဃာတော်တွေတော့ ဘယ်လိုဖြစ်ကုန်ပြီ၊ လူတွေဆက် တိုက်ပွဲဝင်ကြစို့ဆိုတာမျိုး လှုံ့ဆော်ဦးဆောင်ခဲ့ရင် လူထုကြီးဟာ မုချနောက်က ပါလာမှာပါပဲ။ ဒါပေမယ့် အခုတော့ ဘယ်ခေါင်းဆောင်မှုမှ ပေါ်မလာလို့ လူထုကြီးဟာ တက်တခေါက်ခေါက်နဲ့ ပြန်သွားခဲ့ကြပါတယ်။

ဒါက ပြနေတာက ခေါင်းဆောင်မှုနဲ့ လူထုဆက်စပ်မှုပြဿနာကို သေချာ လေးလေးနက်နက် လေ့လာဖြေရှင်းရမယ်ဆိုတာပါပဲ။ ဒီတာဝန်ကို ခေါင်းဆောင်မှုဘက်က ထမ်းဆောင်ရမှာပါ။ စားဝတ်နေရေးနဲ့ လုံးချာလိုက်နေတဲ့ လူထုက ဒါတွေကိုလေ့လာဖို့၊ ဖြေရှင်းဖို့ အချိန်လည်းမရှိ၊ တခြားအချက် အလက်တွေလည်း မရှိပါဘူး။ ဒါတွေကို မဖြေရှင်းဘဲ လူထုကိုပဲ မေးငေါ့အပြစ် တင်နေလို့ကတော့ နီရိုဘုရင်ရဲ့လုပ်ရပ်နဲ့ ကွာလှမှာမဟုတ်ပါဘူး။

ခေတ်ပြိုင်ဝဘ်ဆိုက်မှတဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

ဆက်ဖတ်ရန်...

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် (Free Burma Federation) ၏ ပြည်တွင်းလှုပ်ရှားမှုအဖြစ် ဦးသန့်  ပုံပါ စာရွက်များအား ရန်ကုန်မြို့ တွင် ဖြန့် ဝေ။





ဆက်ဖတ်ရန်...

ယနေ့လှုပ်ရှားချက်တစ်ချက်

Press Release (2-2009)


ဆက်ဖတ်ရန်...

January Newsletter by Free Burma Federation

ဆက်ဖတ်ရန်...

Strategic Doctrine

Strategic Doctrine

ဆက်ဖတ်ရန်...

Arms Struggle

Arms Struggle

ဆက်ဖတ်ရန်...

ရှမ်းပြည်လူ့အခွှင့်အရေးအဖွဲ့၏ကြေညာချက်

ဆက်ဖတ်ရန်...

အဆုံးသတ်တိုက်ပွဲနှင့်အခြားကဗျာများ

ဆက်ဖတ်ရန်...

inside movement

Press Release (1-2009) by Free Burma Federation and Shan Human Rights Group

ဆက်ဖတ်ရန်...

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ်၏ ပြည်သူများအား “တော်လှန်ရေးအတွက် ပြင်ဆင်မှု” တိုက်တွန်းလွှာ။

For Preparation of Revolution

ဆက်ဖတ်ရန်...

Subscriber

Enter your email address:

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ တင်သမျှသတင်း၊ဆောင်းပါးများကို အီးမေးလ်ပို့ပေးစေချင်လျှင်အထက်ပါဖောင်ထဲတွင် သင့်အီးမေးလ်လိပ်စာထည့်ခဲ့ပါရန်။

Delivered by FeedBurner

ကျွနု်ပ်တို့အားအီးမေးလ်ပို့ချင်ပါလျှင်
ဤနေရာသို့နှိပ်ပါရန်... မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဗိုလ်ချုပ်မွေးနေ့

ခေါင်းဆောင်များ