UHRC.Vol 14 2009

UHRC VOL 14_2009

ဆက်ဖတ်ရန်...

Journal

Freedom Journal (April, 2009) by Free Burma Federation

ဆက်ဖတ်ရန်...

2009 New year message

နေ့စွဲ- ဧပြီလ (၁၇) ရက်၊ ၂၀၀၉ခုနှစ်


မြန်မာပြည်မှပြည်သူလူထုထံသို့ ပန်ကြားလွှာ။



မင်္ဂလာနှစ်သစ်အခါသမယမှာအမိမြန်မာပြည်သူပြည်သားအားလုံးကိုယ်ကျန်းမာ၊စိတ်ချမ်းသာ

စေကြောင်းနှင့်နအဖစစ်အာဏာရှင်စနစ်ဆိုးအောက်မှအမြန်ဆုံးလွတ်မြောက်ပါစေကြောင်း

ကျွန်ုပ်တို့မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်၏အဖွဲ့ဝင်များအားလုံးမှ

ဆုတောင်းမေတ္တာပို့သ

လိုက်ပါသည်။ကျွန်ုပ်တို့တိုင်းပြည်၏ယနေ့လက်ရှိအခြေအနေသည်အကောင်းဖက်ဦးတည်မည့်

လမ်းနှင့်အဆိုးဖက်သို့ဦးတည်မည်ဖြစ်သည့်လမ်းဆုံနေရာ၌ရောက်ရှိနေသကဲ့သို့ဖြစ်တည်နေ၍

နအဖ စစ်ခေါင်းဆောင်များသည်တိုင်းပြည်ကို တရားဝင်စစ်ကျွန်ပြုနိုင်ရေးအတွက်

ကောက်ကျစ်စဉ်းလဲသည့် နည်းလမ်းပေါင်းစုံတို့ဖြင့်လုပ်ဆောင်နေကြသည်မှာအားလုံးသိရှိပြီး

သည့်အတိုင်းပင်ဖြစ်ပါသည်။ယ္ခုလအတွင်းတွင်ပြည်တွင်းမှတက်ကြွလှုပ်ရှားသူနိုင်ငံ့သားကောင်း

စုစုပေါင်းအယောက်နှစ်ဆယ်ကျော်တို့အားလူမသိသူမသိဖမ်းဆီးခဲ့ကြပြီးနောက်

ဆက်လက်၍ပိုက်စိတ်တိုက်ရှာဖွေနေကြသည့် လုပ်ရပ်များကသက်သေပြနေပါသည်။

ပြည်သူပြည်သားတိုင်းရင်းသားအားလုံးတို့အနေဖြင့်တိုင်းပြည်ကြီးအကောင်းဖက်ဦးတည်မည့်

လမ်းကြောင်းပေါ်သို့ရောက်ရှိရေး၊လူ့အခွင့်အရေးနင့်တိုင်းရင်းသားများ၏အရေးကို

အာမခံချက်အပြည့်ပေးနိုင်ပြီးစစ်မှန်သည့်ဖယ်ဒရယ်မူကိုအခြေခံမည့်ဒီမိုကရေစီနိုင်ငံတည်

ဆောက်ရေး၊ဝန်ထမ်းအမူထမ်းများနှင့်စစ်တပ်အတွင်းမှအရာရှိအရာခံအကြပ်တပ်သားအားလုံး

တို့အပါအဝင်ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့်စွမ်းအားရှင်အဖွဲ့ဝင်အားလုံးတို့အနေနှင့်ပါအထက်မှအရာရှိများ

ကိုကြောက်နေကြရသည့် အာဏာရှင်တို့လက်အောက်မှပြည်သူများနှင့်အတူတကွ

လွတ်မြောက်ရေး၊

ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနှင့်

တိုင်းပြည်ကိုအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးတို့အတွက်

နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများနှင့်အတူတကွပြည်သူပြည်သားအားလုံး၊ဝန်ထမ်းအမှုထမ်း

အားလုံး၊တာဝန်သိသောတပ်မတော်သားအားလုံး၊ တောင်သူလယ်သမားများ

နှင့်ယနေ့ခေတ်ကျောင်းသားထုကြီးတရပ်လုံးအနေဖြင့်အမျိုးသားလွတ်မြောက်ရေးကြိုးပမ်းမှု

ကြီးအောင်မြင်ပြီးဆုံးရေးစသည်တို့အတွက်ခိုင်မာသည့်သံဓိဠာန်ပြုကြရမည့်အချိန်ကာလဖြစ်

ပါသည်။ နိုင်ငံတော်အတွက်အမှန်တကယ်တာဝန်သိသည့်တပ်မတော်သားများအနေဖြင့်

ဗိုလ်ချုပ်သန်းရွှေ နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များကိုဖယ်ရှားပြီးဒီမိုကရေစီခေါင်းဆောင်

များနှင့်ပူးပေါင်းနိုင်မည်ဆိုလျှင်ပြည်သူပြည်သားအားလုံးတို့မှဝမ်းမြောက်ဝမ်းသာကြိုဆိုထောက်

ခံကြမည်ဖြစ်ကြောင်းကို အလေးအနက်ထား၍ကျွန်ုပ်တို့အဖွဲ့ချုပ်မှပြောကြားလိုပါသည်။

ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့်အတူ နိဂုံးချုပ်တိုက်ပွဲအောင်နိုင်ရေးအတွက်

ကျွန်ုပ်တို့အားလုံး လုပ်ဆောင်ပြီးစီးထားခဲ့သောအကြောင်းအရာများကိုလဲ

တင်ပြအပ်ပါသည်။ အရေးကြီးဆုံးအချက်မှာ ကျွန်ုပ်တို့ ပြည်သူပြည်သားအားလုံး

စစ်အာဏာရှင်စနစ်အောက်မှလုံးဝလွတ်မြောက်ရမည်ဆိုသောယုံကြည်ချက်အား

လူပုဂ္ဂိုလ်တဦးချင်းစီတွင်ခိုင်ခိုင်မာမာဖြစ်နေအောင်တည်ဆောက်ထားရမည်ဖြစ်၍

ဒုတိယအချက်အနေဖြင့်ပြည်သူပြည်သားအားလုံး၊ဝန်ထမ်းအမှုထမ်းအားလုံးနှင့်

တာဝန်သိသော တပ်မတော်သားအားလုံးပင် တိုင်းပြည်အတွင်းအမှန်တကယ်ဖြစ်ပျက်

နေသော အကြောင်းအရာများကိုနီးစပ်ရာအချင်းချင်း စကားပြောကြရန်နှင့် နိုင်ငံသားတိုင်း၏

အမိတိုင်းပြည်အရေး၊အမိနိုင်ငံအရေးတွင် ပါဝင်ပါတ်သက်နေသော အခန်းကဏ္ဍကို

တစ်ထောင့်တစ်နေရာမှအရေးအကြီးဆုံးဖြစ်အောင်မြှင့်တင်ထားနိုင်ရန်ဖြစ်ပြီးတတိယ

အရေးကြီးဆုံးအချက်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနှင့်မြို့တိုင်း၊ရွာတိုင်းတွင်

လှုပ်ရှားမှုကြီးအားအရှန်အဟုန်မြှင့်တင်နိုင်ရန်၊အဖွဲ့အစည်းများနေ့ချင်းညချင်းဖွဲ့စည်းနိုင်ရန်

တစ်တိုင်းပြည်လုံးတွင်ပြင်ဆင်ထားရမည်ဖြစ်ပါသည်။၎င်းအဖွဲ့အစည်းများအားလုံးအနေဖြင့်

အဆုံးအဖြတ်ပေးမည့်တိုက်ပွဲကာလအတွင်းမိမိတို့၏မြို့ရွာအေးချမ်း တည်ငြိမ်ရေး နှင့်

အသစ်ပေါ်ထွက်လာမည့် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် အစိုးရ

တစ်ရပ် အခြေခိုင်သည်အထိ တိုင်းပြည်တာဝန်ကိုထမ်းထားနိုင်ရန် ယခုအချိန်မှ စတင်၍

ခိုင်ခိုင်မာမာဖြင့်စနစ်တကျကျင့်ကြံတည်ဆောက်ထားရန်ဖြစ်သည်။ စတုတ္ထ

အချက်အနေဖြင့် နိင်ငံရေးအင်အားစုအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ

နိုင်ငံအပေါ်အမှန်တကယ်တာဝန်သိသောတပ်မတော်သားသူရဲကောင်းများ အနေဖြင့်

ဒီမိုကရေစီရရှိရေးကြိုးပမ်းမူကြီးမှာပူးပေါင်းပါဝင်လာနိုင်ရန်အမြဲတမ်းဖိတ်ခေါ်ပေးကြရန်

ဖြစ်ပါသည်။နောက်ဆုံးအမြဲတမ်းအကောင်အထည်ဖေါ်နေရမည့်အချက်အနေဖြင့်အထိအခိုက်

အကျအဆုံးနည်းသည့်ပြောက်ကျားလှုပ်ရှားမှုများကိုလုပ်ဆောင်နေရမည်ဖြစ်သည်။

တိုင်းပြည်၏သားကောင်း ရတနာများဖြစ်ကြသည့် အရှင်ဦးဂမ္ဘီရဦးဆောင်သည့်

သံဃာတော်များ၊

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်နိုင်ငံရေးခေါင်းဆောင်များ၊ကိုမင်းကိုနိုင်ဦးဆောင်သည့်

ကျောင်းသားခေါင်းဆောင်များနှင့်မစုစုနွေးဦးဆောင်သည့်လူ့အခွင့်အရေးလှုပ်ရှားသူများအနေဖြင့်

သေချာပေါက်အောင်မြင်ရမည်ဆိုသည့်ခိုင်မာသည့်စိတ်ဓါတ်များဖြင့်တိုက်ပွဲဝင်ခဲ့ကြ၊၀င်နေကြ

သည်ဖြစ်ပြီး၊ယခုအချိန်အခါတွင်လည်းမြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိအကျဉ်းထောင်များ

အတွင်း၌ ထောင်တွင်းရှေ့တန်းတိုက်ပွဲများကို အနိုင်မခံ အရှုံးမပေးစတမ်း စိန်ခေါ်တိုက်ပွဲ

ဝင်နေကြ၍နိုင်ငံ၏သားကောင်းရတနာများအဖြစ်ကျွန်ုပ်တို့အားလုံးမှအတုယူနေကြရပါသည်။

သို့ဖြစ်ပါ၍ တိုင်းသူပြည်သားအားလုံးတို့အနေဖြင့်နအဖစစ်အာဏာရှင်စနစ်ကြီးအား

သေချာပေါက်အောင်မြင်ရမည်ဆိုသည့်ခိုင်မာသည့်စိတ်ဓါတ်ဖြင့် ဆက်လက်တိုက်ပွဲဝင်ရန်

တာဝန်ကို သမိုင်းကပေးအပ်လာပြီဖြစ်ပါသည်။ အနာဂါတ် မျိုးဆက်လူမမည်ကလေးသူငယ်

အားလုံးအတွက် ယနေ့ လူငယ်၊ လူရွယ်၊ လူကြီးအားလုံးက အာမခံချက်အပြည့်အဝပေး

နိင်ပါမှ၊ အာမခံချက်အပြည့်ပေးနိုင်မည့်အလုပ်များကို အသေအချာလုပ်ဆောင်နိုင်ပါမှ

မင်္ဂလာရှိသောနှစ်သစ်ကိုဖန်တီးယူရာရောက်မည်ဖြစ်သကဲ့သို့ မင်္ဂလာရှိသော နှစ်သစ်ကို

ကူးပြောင်းရာရောက်မည်ဖြစ်ပါသည်။

" " ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်" "



ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဆက်ဖတ်ရန်...

FBF action news and Interview on radio

365th Strike news by FBF Vice chairman 2 Ko Shwe Sin Htun.(14 april 2009)











the counter message of ADPFM & FBF for Gen Than Shwe speech on 03-27-2009.









364th Strike news by FBF Vice chairman 2 Ko Shwe Sin Htun.









FBF action news on RFA (03/27/2009) (starts at 12:15 to 15:15). We did two campaigns in March.







ဆက်ဖတ်ရန်...

FBF Newsletter (April 5, 2009)

FBF Newsletter (April 5, 2009)

ဆက်ဖတ်ရန်...

Subscriber

Enter your email address:

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ တင်သမျှသတင်း၊ဆောင်းပါးများကို အီးမေးလ်ပို့ပေးစေချင်လျှင်အထက်ပါဖောင်ထဲတွင် သင့်အီးမေးလ်လိပ်စာထည့်ခဲ့ပါရန်။

Delivered by FeedBurner

ကျွနု်ပ်တို့အားအီးမေးလ်ပို့ချင်ပါလျှင်
ဤနေရာသို့နှိပ်ပါရန်... မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဗိုလ်ချုပ်မွေးနေ့

ခေါင်းဆောင်များ