ငြိမ်းချမ်းစွာဆန္ဒပြနေစဉ်လုံထိန်းများမှရိုက်နှက်ဖမ်းဆီး




ယနေ့ဒီဇင်ဘာ (၃၀) ၂၀၀၈ တွင်
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့်အတူ{သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာက
တားဆီးနိုင်မလဲသင်ပြောချင်ရာဖွင့်ပြောလိုက်ပါ}ဟူသော
ပိုစတာများကိုင်၍ ယနေ့နေ့လည် ငြိမ်းချမ်းစွာ ချီတက်လာစဉ်
လွှတ်တော်ရှေ့အရောက်၌ လုံထိန်းကားများဖြင့် ပိတ်ဆို့ ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသ၍လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းကိုလည်းသိရှိရပါသည်။
ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကိုဖမ်း ၊ရိုက်ဟုဆိုကာ လုံထိမ်းများက နံပါတ်တုတ်များဖြင့်ဦးခေါင်းအားရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်။လုံထိန်းများ
နှင့် အတူအရပ်ဝတ်များလဲဟိုင်းလတ်ကားတစီးအပြည့် ပါသည်။ ယခုဖြစ်ရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ၏ ပြည်သူနှင့် လွတ်လပ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲအပြီးတွင်ရုံးရှေ့ မှစတင် ထွက်ခွာသွားခြင်းဖြစ်ပါသည်။ အဖမ်းဆီးခံခဲ့ ရသောလူငယ်များထဲ တွင် သခင်ကိုယ်တော်မှိုင်း၏ မြေးတော်ဆက် သူတစ်ဦး လဲ ပါဝင်သည် ဟု သိရှိရပါသည်။ဖြန့်ဝေခဲ့သော ပိုစ့်စကဒ် များကိုလဲတွေ့ရှိရပါသည်။ဖမ်းဆီးခံရသည့်သားကောင်းရတနာများမှာ


ကိုထွန်းထွန်းဝင်း(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ ၁ နှင့်  ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေးအဖွဲ့ဝင်)
ကိုပြည့်ပြည့်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မထက်ထက်ဦးဝေ(ရွှေပြည်သာအဖွဲ့ဝင်)
ကိုရဲနီစိုး(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်၊ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏မြေး)
ကောင်းထက်လှိုင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
သက်ထွန်းမောင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ဝင်းမြင့်အောင်(ခ) ပဲပြုတ်(ခရမ်းလူငယ်)
အောင်ဖြိုးဝေ(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မင်းသိမ်း
တို့ဖြစ်ကြ၍မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ၎င်းလူငယ်များအား
လေးစားစွာဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ဆက်ဖတ်ရန်...

Global Action for Burma : Second Struggle for National Independence


“Let's unite for Democratic Federal Union of Burma”



4th January, 2009 will mark the 61st anniversary of Independence Day for Burma. Since the fall of Mandalay Kingdom, People of Burma have never given up their fight to regain their independence. Thousands of people have sacrificed their lives. Why? They had only one hope to have a chance for the future generations to enjoy the fruits of independence.


However, People of Burma have not had this chance until now. They have been under the most oppressive and brutal regime in the world. Despite of their liberation from foreign colonization, they have not yet liberated from the dictatorial oppression of their own people. Without genuine liberation, no one can enjoy the fruits of independence. To have a genuine liberation, Burma must be established as a federal union that will guarantee democratic rights to all citizens and political equality for all ethnic nationalities.
Therefore, we call upon the People of Burma and overseas Burmese people around the world to the global action for the second struggle for national independence to establish a Democratic Federal Union of Burma. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.
“Add your voice to a call for Democratic Federal Union of Burma”
Independence campaign
www.globalactionforburma.blogspot.com
Please contact the following persons for detailed information.
Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye , Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893, Email: kokoaung_dfbjp@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Ko Kyaw Than (India), Burma Democratic Groups, Phone +91-9810601506
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Ms. Khin Ma Ma Myo, Tel: +44 1224 524 077, Email: khinmamamyo@gmail.com
(Independence campaign is a results-oriented coalition dedicated to second struggle for national independence)

ဆက်ဖတ်ရန်...

သဘောထားကြေငြာချက်

Independence Day Statement by Free Burma Federation

ဆက်ဖတ်ရန်...

(61) နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် (88)နှစ်မြောက် ရန်ကုန်တက္ကသိုလ်နေ့  အခမ်းအနားဖိတ်ကြားလွှာ၊



ဆက်ဖတ်ရန်...

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ်၊ ( ဦးဝင်းတင်နှင့် အင်တာဗျူး)



ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။
(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)
နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်းလိုက်သည်။
သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။
ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။
ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။
ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။
မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။
ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။
ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။
ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။
စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။
မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။
ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။
စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။
မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။
နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။
အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။
မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။
ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။
အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။
ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။
မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။
ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။
ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။
အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။
ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။
ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။
မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။
ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။
မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။
မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။
ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။
ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

ဆက်ဖတ်ရန်...

အပြည်ပြည်ဆိုင်ရာ ရွှေ့ ပြောင်းအလုပ်သမားနေ့ အခမ်းအနားကျင်းပ၊




၂၀၀၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ ပြောင်းအလုပ်သမားနေ့ အခမ်းအနားအား ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ရာရွှေ့ ပြောင်းမြန်မာအလုပ်သမားများ၊ အလုပ်သမားရေးရာအဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များနှင့် ထိုင်းအလုပ်သမားရေးရာဌာနများမှ စုပေါင်းပြုလုပ်ခဲ့ပါသည်၊
အခမ်းအနားတွင် ဥာဏ်စမ်းပဟေဌိ၊ ကျပန်းစကားပြောပြိုင်ပွဲ၊အလုပ်သမားများ၏လုပ်ငန်းဆိုင်ရာအတွေ့ အကြုံများ၊ အလုပ်သမားများ၏ဖျော်ဖြေမူ့ များ၊ စုပေါင်းသွေးလျှူခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်၊

Type the rest of your post here.

ဆက်ဖတ်ရန်...

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် “လူငယ်နှင့်အနာဂတ်” ဆွေးနွေးပွဲတွင် ဦးဝင်းတင်၏ဟောပြောချက်များ၊


အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းနှင့် အောက်ခြေအပြန်အလှန်နားလည်ရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့်တကွ လူငယ်အဖွဲ့ဝင်များခင်ဗျား။ ကျနော်ဟာ ဒီဟောပြောပွဲလုပ်မယ်လို့ စီစဉ်ပြီးကာမှ နေထိုင်မကောင်းတာကတကြောင်း၊ နောက်ပြီးမျက်စိလည်း ခွဲစိတ်မှုလုပ်ရတော့ ဟောပြောမှုနဲ့ပတ်သက်ပြီးတော့ အဆင်မပြေတာလေးတွေရှိပါတယ်။ သို့သော် ဘယ်လိုပဲရှိရှိ မူလရည်ရွယ်ချက်က ဟောပြောတာဆိုတဲ့ ပုံစံမျိုးထက် ကျနော်ဖြစ်စေချင်တဲ့သဘောက ကျနော်တို့တွေ အဖွဲ့ ချုပ်ခေါင်းဆောင်ပိုင်းနဲ့ အောက်ခြေအဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေကို အထူးသဖြင့်တော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ လူငယ်တွေနဲ့အပြန်အလှန် ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း တယောက်သဘောတယောက်စဉ်းစားနိုင်တဲ့သူတွေဖြစ်အောင် လုပ်ချင်တဲ့သဘောပါ။ အဲဒါကြောင့် ကျနော်က ဟောပြောပွဲဆိုတဲ့ ပုံစံထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး ပိုမကောင်းဘူးလားလို့ လူငယ်တွေကို မေးမြန်းကြည့်ပါတယ်။ အဲဒီလိုမေးမြန်းတဲ့အခါကျတော့ သူတို့ကလည်း သူတို့လုပ်ချင်တဲ့အစီအစဉ်တွေ အများကြီးကို ပြောပြပါတယ်။
အဲတော့ ကျနော်ပြောချင်တဲ့သဘောက ဟောပြောပွဲဆိုတဲ့သဘောမျိုးကို ကျနော်တို့ပညာရှင်တွေက ဟော ပြောတဲ့အပိုင်းပေါ့။ ဆွေးနွေးပွဲဆိုတာကတော့ ကျနော်တို့ ကိုယ့်အချင်းချင်း တယောက်နဲ့တယောက် သဘောပေါက်အောင်၊ စကားပေါက်အောင်လုပ်ဖို့ အရေးကြီးတယ်လို့ထင်တဲ့အတွက် ဆွေးနွေးပွဲပုံစံမျိုးလုပ်ချင် တာပါ။ အားလုံးဆွေးနွေးပြီးတဲ့အခါကျတော့ ဟောပြောပွဲပုံစံနဲ့တပိုင်း ဆွေးနွေးပွဲပုံစံနဲ့ကတပိုင်း နှစ်ပိုင်းနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လူကြီးတွေကိုလည်း အသက်အရွယ်ကြီးရင့်မှုကတပိုင်း၊ မအားမလပ်ဖြစ်တာကတပိုင်းနဲ့ ရှိနေတာသိပါတယ်။ သို့သော်လည်း အားလပ်တဲ့အချိန်လေးမှာ ပါဝင်ပြီးဆွေးနွေးပေးဖို့ကို ဖိတ်ခေါ်ထားပါတယ်။ ဒီလိုလုပ်ချင်းအားဖြင့် လူကြီးတွေရဲ့အသိအမြင်တွေကို လူငယ်တွေ သိမြင်ခွင့်ရမှာဖြစ်သလို တခါလူငယ်တွေရဲ့ မေးခွန်းတွေကို လေ့လာကြည့်ရင်းနဲ့ လူငယ်တွေ ဘယ်လိုစဉ်းစားနေတယ်၊ ဘယ်ဘက်ကို မျက်နှာမူနေတယ်ဆိုတာကို လူကြီးတွေ သိရှိနိုင်ပါတယ်။
စည်းရုံးသူမရှိဘဲခေါင်းဆောင်၍ မရ
အဲဒီတော့ လူကြီးတွေ သိပ်ပြီးပင်ပင်ပန်းပန်းမဖြစ်အောင် ဟောပြောပွဲဆိုတဲ့ပုံစံမျိုးထက် ဆွေးနွေးပွဲဆိုတဲ့ပုံစံမျိုး လုပ်သွားရင် ပေါ့ပေါ့ပါးပါးလုပ်ချင်ပါတယ်။ ဒါလည်း ကျနော်ဘာပဲပြောပြော ဟောပြောပွဲလို့ပဲ ပြောပြော၊ ဆွေးနွေးပွဲလို့ပဲပြောပြော နိုင်ငံရေးအဖွဲ့အစည်းတခုမှာ လှုပ်ရှားမှုဆိုတာ အရေး ကြီးပါတယ်။ သက်ဝင်နေရမယ်လှုပ်ရှားနေရမယ်။ ဒီလိုမှသာလျှင် ကျနော်တို့ နိုင်ငံရေးလုပ်လို့ရမယ်။ နိုင်ငံရေးအဖွဲ့တခုဟာ လူထုကို စည်းရုံးနိုင်ရမယ်၊ လူထုကိုခေါင်းဆောင်နိုင်ရမယ်။ ခေါင်း ဆောင်တယ်ဆိုတာလည်း စည်းရုံးသူမရှိဘဲ ခေါင်းဆောင်နေလို့ မရဘူး။ ဆိုင်းဘုတ်တင်ထားရုံနဲ့ လည်း ခေါင်းဆောင်လို့ မရဘူး၊ အမြဲတမ်း လှုပ်ရှားနေရမယ်။ အဲဒီတော့ ဒီဟာက ကျနော်တို့ ဆွေးနွေးကြတယ်။ ပြောကြတယ်ဆိုတဲ့ဟာက လှုပ်ရှားမှုတခုပဲဖြစ်ပါတယ်။
အခုဟောပြောပွဲမှာ လူငယ်နဲ့ အနာဂတ်ဆိုတဲ့ခေါင်းစဉ်ကို ပေးထားပါတယ်။ ဘာဖြစ်လို့ ဒီခေါင်းစဉ်ကို ပေးထားတာလဲဆိုတော့ လူငယ်တွေသည်သာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ အင်အားစုတွေဖြစ်ပါတယ်ဆိုတာကို
သိမြင်ပြီးတော့မှာ ဒီကိစ္စကိုပြောတာဖြစ်ပါတယ်။ အဲဒီတော့ လူငယ်နဲ့အနာဂတ်ဆိုတာကို ပြောတဲ့အခါမှာ ဘယ်ကနေစပြီး ပြောချင်လည်းဆိုတော့ ကမ္ဘာနဲ့ အနာဂတ်ဆိုတာလေးကို စပြီးပြောချင်ပါတယ်။
ကမ္ဘာကြီးရဲ့အနာဂတ်မှုန်ဝါးနေ
ကမ္ဘာကြီးရဲ့ အနာဂတ်ကို ကျနော် အကျဉ်းပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့အနာဂတ်ဟာလည်း အတော့ကို စိုးရိမ်စရာအနေအထားရှိနေပါတယ်။ ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့လူဦးရေဟာ နောက်လာမယ့် နှစ်တွေအတွင်းမှာ ကမ္ဘာကြီးမှာ သန်းပေါင်း (၉,၀၀၀) လောက်ရှိလာမယ်။ အခုရှိနေတဲ့သန်းပေါင်း (၇,၀၀၀) မှာကိုတောင် ကမ္ဘာကြီးအနေနဲ့က ကျွေးဖို့မွေးဖို့ အတော့ကို ခက်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။ ဒီသန်းပေါင်း (၇,၀၀၀)၊ (၈,၀၀၀)၊ (၉,၀၀၀) ဆိုတဲ့ဟာတွေဟာ အရေအတွက်သဘောပဲလို့ ပြောရင်လည်း ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှိနေတာကိုး။ (၆,၀၀၀) ကနေ (၇,၀၀၀) ဖြစ်နေတာကိုး။ သို့သော်လည်း ဒီပြဿနာကို ကျနော်တို့စဉ်းစားတဲ့အခါမှာ ကျွေးဖို့မွေးဖို့တင်ပြီးတာမဟုတ်ဘူး။
လူဆိုတာက ထမင်းစားရုံနဲ့လည်းပြီးတာမဟုတ်ဘူး။ လူပေါင်းသန်း (၇,၀၀၀) လောက် ဖြစ်လာတဲ့အခါမှာ ဘယ်လိုလုပ်ရမယ်လို့ စဉ်းစားတဲ့သူတွေ သိပ္ပံပညာရှင်တွေရှိပါတယ်။ သို့သော် လူဆိုတာက လူဖြစ်လာရင် နေဖို့ ထိုင်ဖို့ အိုးအိမ်တွေလိုလာမယ်။ လူတွေနဲ့ပတ်သက်နေတဲ့ကိစ္စတွေကို ထည့်စဉ်းစားရမှာဖြစ်ပါတယ်။ ကောင်းပြီ
ကမ္ဘာကြီးဟာ ဒီလိုလူပေါင်းသန်းပေါင်း (၉,၀၀၀) ဆိုတဲ့အနေအထားကို ရောက်လာရင် သူတို့နေထိုင် အသက်ရှင်ဖို့ တိုးပြီးလုပ်လာကြမယ်။ အဲဒီအခါ သယံဇာတတွေ ရှားပါးလာမယ်။ ဥပမာရေနံဆိုရင် ရှားလို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ကြီးများက သိုလှောင်လို့ ဖြစ်ဖြစ် လာမယ့်နှစ်ပေါင်း (၁၀၀) တောင်ခံပါ့မလားဆိုတဲ့ ပြဿနာပေါ်လာတယ်။ အခြားခြားသောသယံဇာတများလည်း ဒီလိုပဲ။ ရှားပါးခြင်း၊ ကုန်ခန်းခြင်းဆိုတာတွေ ရှိလာမှာဖြစ်တယ်။
အခုပြောခဲ့သလို ကမ္ဘာကြီးရဲ့အနာဂတ်ကို မှန်းဆချက်တွေနဲ့ သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက်တွေဟာ စိတ်ပျက်အားငယ်မှုမရှိဘူးလို့ ဆိုသော်ငြားလည်း ကမ္ဘာကြီးရဲ့ အနာဂတ်ဟာ မှုန်ဝါးလျက်ရှိနေတာကို တွေ့ရမှာဖြစ်တယ်။ ဒါဟာ ကမ္ဘာရဲ့အနာဂတ်ဆိုရင်လည်းမမှားဘူး။ စီးပွားရေးကပ်တွေ လူ့အခွင့်အရေးအခြေအနေတွေကို ခြုံပြီးကြည့်ရင် ကမ္ဘာရဲ့အနာဂတ်ဟာ ပိုပြီးစိုးရိမ်စရာတွေရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော အနာဂတ်ကတော့ ရှိနေမှာဖြစ်ပါတယ်။ ဒါဟာလည်း နောက်ထပ်ဖြစ်ပေါ်လာမယ့်လူငယ်တွေက ဆက်လက်ပြီးရင်ဆိုင်သွားရမယ့် ပြဿနာလည်းဖြစ်နေပါတယ်။
မြန်မာပြည်ရဲ့အနာဂတ်ကို စစ်ယန္တရားကြီးစိုးထားဆဲ
နောက်တခုက ကျနော်တို့ ဗမာပြည်ရဲ့ အနာဂတ်ပါ။ ဗမာပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ဒီထဲမှာ ကျနော်တို့ နိုင်ငံရေး၊ စီးပွားရေးတွေကိုတော့ ကျနော်မပြောချင်ပါဘူး။ ကျနော် ပြောချင်တာကတော့ အနာဂတ်အကြောင်းပါပဲ။ ကျနော်တို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က မျှော်မှန်းခဲ့တဲ့ အနာဂတ်ကလည်း စစ်အစိုးရရဲ့ဖိနှိပ်မှုနဲ့ အုပ်ချုပ်မှုနဲ့ ဆိုတာတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။
နောက်ထပ်အနှစ်နှစ်ဆယ်ဆိုတာကို မျှော်မှန်းကြည့်တော့လည်း ဒီစစ်တပ်ဆိုတဲ့ စစ်ယန္တရားကြီးကလည်း ဘယ်လိုမှ ပီပီပြင်ပြင်ချောချောမွေ့မွေ့ပြောင်းလဲလာမယ့် အနေအထားဆိုတာ မမြင်ရသေးပါဘူး။ ဒါဟာစိတ်ပျက်ဖို့ ပြောတာမဟုတ်ပါဘူး။ သို့သော် ဘာပဲပြောပြော အရှိတရားက အရှိတရားပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပဲ ဒီစစ်အာဏာရှင်ကို ဖြေရှင်းဖို့ အများကြီး ကြိုးပမ်းခဲ့ကြတယ်။ ဥပမာဆိုရင် စစ်အာဏာရှင်ယန္တရားကြီးက ဒီမိုကရေစီကို ရော့အင့်ဆိုပြီးတော့ ပေးမှာမဟုတ်ပါဘူး။ သို့သော် အခြားအခြားသော အဆောက်အအုံတွေ၊ စစ်တပ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေ၊ စစ်တပ်နဲ့ဆိုင်တဲ့လုပ်ငန်းတွေ အခြားခြားသော စီးပွားရေးလုပ်ငန်းကြီးများကလည်း စစ်တပ်ရဲ့ အုပ်ချုပ်မှုကို ခံနေရတဲ့အခြေအနေမျိုးမှာ ကျနော်တို့ဟာ ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီ အစိုးရပြောင်းလဲဖို့ဆိုတာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ ချုပ်ချယ်မှုတွေကို လူတိုင်းသိပါတယ်။ မြန်မာပြည်ရဲ့ အနာဂတ်ဟာလည်း ကျနော် စောစောကပြောသလို ကမ္ဘာကြီးရဲ့ အနာဂတ်လိုပဲ စစ်အာဏာရှင်စနစ်ရဲ့ အရိပ်မည်းကြီးလွှမ်းမိုးနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဗမာပြည်ရဲ့အနာဂတ်ဆိုတာ ဗမာပြည်တွင်းမှာ နေထိုင်ကြတဲ့လူငယ်တွေ ကြုံတွေ့ရမယ့် အနာဂတ်ဖြစ်နေပါတယ်။ အဲဒါတွေကို ညှိနှိုင်းဖို့လိုပါတယ်။ ဆွေးနွေးဖို့လိုပါတယ်။ ဒီနေ့ မနက်ဖြန်ဆိုသလို ဒီမိုကရေစီဟာ ဘွားခနဲ ပေါ်လာမှာမဟုတ်ပါဘူး။ ဒါကိုခင်ဗျားတို့လည်း သိမှာပါပဲ။ တွေးမိကြမယ်ထင်ပါတယ်။
အန်အယ်လ်ဒီရဲ့ အနာဂတ်လည်းမှုန်ဝါးနေ
ဆက်ပြီး အဖွဲ့ချုပ်လူငယ်တွေကို အန်အယ်လ်ဒီရဲ့ အနာဂတ်ကို နည်းနည်း ပြောချင်ပါတယ်။ ပြောချင်တယ်ဆိုပေမယ့် ပြောစရာလည်း များများစားစားမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်အယ်လ်ဒီနဲ့ ကင်းကွာနေတာကလည်း ကြာပြီဆိုတော့ ဘာတွေဖြစ်နေတယ်ဆိုတာကို တိတိကျကျတော့ မသိဘူး။
ကျနော်မှန်းလို့ရသလောက်ကတော့ ကမ္ဘာရဲ့ အနာဂတ်လို၊ မြန်မာရဲ့အနာဂတ်လို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကလည်း အတော်ကိုမှုန်ဝါးလျက်ရှိတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။ ဒါဟာ စိတ်ပျက်ခြင်း၊ အဆိုးမြင်ခြင်း စတဲ့အမြင်တွေအပေါ်မှာ အခြေမခံပါဘူး။
ကျနော်တို့အထဲမှာ အသက်(၁၀၀) ကျော်နေနိုင်တဲ့သူတွေ ရှိနိုင်ပါတယ်။ ရှိဦးတော့လည်း သူတို့ရဲ့ ဦးဆောင်နိုင်မှုဆိုတာ အများကြီးလျော့လာမှာဖြစ်ပါတယ်။ သို့သော် ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့်လည်း သူတို့ဆီမှာ ဆက်လက်ပြီးတော့ ရှင်သန်နိုင်စွမ်း နည်းတယ်လို့ ဒီနေ့တက်ရောက်လာတဲ့ လူငယ်များ စဉ်းစားမိကြမှာပဲ။ နိုင်ငံရေးဆိုတာကလည်း ကြွေတလှည့်ကြက်တခုန်ဆိုတဲ့ သဘောလည်း ရှိတာပေါ့ဗျာ။ ဒီမှာ အန်အယ်လ်ဒီရဲ့ အနေအထားကိုကြည့်မယ်ဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ်အနည်းငယ်ဆိုရင် ပြဿနာတွေအများကြီးနဲ့ ရင်ဆိုင်ရတော့မယ်။
အဲဒီလိုပြဿနာတွေထဲမှာ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သဘောထားတွေ၊ သုံးသပ်စရာရှိတာတွေ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတွေ၊ ဘယ်လိုအဖြေပေါ်မလဲဆိုတာတွေကို စဉ်းစားကြရတော့မှာ ဖြစ်တယ်။ တခါ အဲဒီအခြေခံဥပဒေကနေပေါက်ဖွားလာမယ့် ပါတီအဖွဲ့အစည်း မှတ်ပုံတင်ဖို့ ကိစ္စတွေ ဒါကတော့ ထားလိုက်ပါတော့။ ဒါဟာလည်း အခြေခံဥပဒေဆိုင်ရာကိစ္စတွေကို အဆင့်ဆင့်ဆောင်ရွက် မှုပေါ်မှာ ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ထားလို့ မရတဲ့ကိစ္စက ဘယ်လိုပဲပြောပြော ပါတီတွေ မှတ်ပုံတင်ခြင်းကိစ္စပဲဖြစ်ပါတယ်။
အဲဒီတော့ အန်အယ်လ်ဒီရဲ့ အနေအထားကလည်း အနည်းနဲ့အများ ပြဿနာတော့ မသေးဘူးလို့။ ဒါဟာလည်း အခြေခံဥပဒေနဲ့ တွဲရက်ပါလာတဲ့ ပါတီတွေ တရားဝင်ရပ်တည်ပိုင်ခွင့်နဲ့လည်း ဆိုင်နေတယ်။ ဘယ်လိုပဲပြောပြော အန်အယ်လ်ဒီရဲ့ အနေအထားဟာလည်း ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ဖို့ ရှိပါတယ်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် တကယ်လို့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလိုက်လို့ ကျနော်တို့ ပါတီက နိုင်ငံတော်ရဲ့ နိုင်ငံရေးရာလှုပ်ရှားမှုတွေဟာ အကောင်အထည် ပေါ်လာမယ်၊ ပါဝင်ပြီးတော့ သက်ဝင်လှုပ်ရှားလာမယ်ဆိုရင်တောင်မှ ပြဿနာတွေ အများကြီးပဲလို့ ထင်ပါတယ်။
တိုင်းပြည်ပြဿနာတွေ ကျန်သေး

အဲဒီပြဿနာတွေဟာလည်း လူငယ်တွေ ရင်ဆိုင်သွားရမယ့် ပြဿနာတွေဖြစ်နေတယ်။ အန်အယ်လ်ဒီ ရဲ့ ပြဿနာလို့လည်း ပြောလို့မရပါဘူး။ ဒါဟာ အမျိုးသားရေးပြဿနာလည်းဖြစ်တယ်။ တချိန်မှာ ရှိနေတဲ့ပြဿနာတွေကို အန်အယ်လ်ဒီမှာ ပါဝင်နေတဲ့လူငယ်တွေက ကိုင်တွယ်ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့ အကြောင်းကြောင်းကြောင့် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ ပြေလည်သွားရင်တောင် တိုင်းပြည်အတွက် ပြဿနာတွေက ရှိနေသေးတယ်။ တိုင်းပြည်အတွက် ဆိုတာက ကျနော်စောစောကပြောသွားသလို စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေးပြဿနာ တွေဟာ အများကြီးဖြေရှင်းစရာတွေ ရှိနေသေးတယ်။ ဒါတွေကိုလည်း လူငယ်တွေဟာ မလွှဲမသွေ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ခေါင်းထဲမှာထည့်ပြီးတော့ စဉ်းစားကြရမယ့်ကိစ္စ ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။
မှုန်ဝါးတဲ့အနာဂတ်ကို ဖြေရှင်းဖို့တာဝန်ရှိ
အခု ကျနော်ပြောခဲ့တဲ့အချက်တွေကို အခြေခံစဉ်းစားရင် လူငယ်တွေရဲ့ အနာဂတ်ဟာ ပြောစရာများများစားစား မကျန်တော့ပါဘူး။ လူငယ်တွေဟာ ကမ္ဘာရဲ့ အနာဂတ်ဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်ကိုလည်း လူငယ်တွေပဲ ကိုင်တွယ်ရမှာဖြစ်သလို၊ အန်အယ်လ်ဒီရဲ့ အနာဂတ်ကိုလည်း လူငယ်တွေကပဲ ကိုင်တွယ်ကြရမှာ ဖြစ်ပါတယ်။
ချုပ်လိုက်ရင် မှုန်ဝါးသောကမ္ဘာရဲ့ အနာဂတ်၊ မှုန်ဝါးသောတိုင်းပြည်ရဲ့ အနာဂတ်၊ မှုန်ဝါးသော အန် အယ်လ်ဒီရဲ့အနာဂတ် အဲဒါတွေကို လူငယ်တွေသာလျှင် ဖြေရှင်းကြရမှာဖြစ်ပါတယ်။ အန်အယ်လ်ဒီ လူငယ်တွေဟာ အခြားသာမန်လူငယ်တွေထက်စာရင် ဒီမိုကရေစီရေးမှာ အတွေ့အကြုံလည်းရှိတယ်၊ အစဉ်အလာလည်းရှိတယ်။ အဲဒီတော့ ဒီအစဉ်အလာတွေကို ကိုင်တွယ်ပြီး ဒီအစဉ်အလာတွေအတိုင်း ရပ်တည်ပြီး ပြဿနာတွေကို ဖြေရှင်းသွားရမှာလည်း ဖြစ်တယ်လို့ ယူဆပါတယ်။
အဖွဲ့အစည်း လောင်းရိပ်
ဒါဘာဖြစ်လို့ ကျနော် ပြောရသလဲဆိုရင် လူငယ်တွေကိစ္စကို စဉ်းစားတဲ့အခါမှာ အဖွဲ့ အစည်းအတွင်း မှာ ရှိတဲ့လူငယ်တွေဟာ အဖွဲ့အစည်းရဲ့ လောင်းရိပ်ဟာ တခါတလေမှာသွားပြီးတော့ ထိုးနေတာတွေ ရှိတတ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတွေကလည်း သတိထားရမှာက လူငယ်အဖွဲ့အစည်းဆိုတာ ခိုင်းတာလုပ်ဖို့ နို့မို့ရင်လည်း အင်အားပြဖို့လောက်ပဲ သဘောထားလို့ မရပါဘူး။ ဒီလူငယ်အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းတခုလုံးရဲ့ ခေါင်းဆောင်မှု အစိတ်အပိုင်းတခုဖြစ်နေ တယ်လို့ သဘောထားရမယ်။ ဒီလိုမှသာလျှင် လူငယ်တွေအနေနဲ့ ခေါင်းဆောင်တွေကို ပျိုးထောင် ပေးခြင်း၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့ မြှင့်တင်တာဝန်ပေးခြင်း၊ ခေါင်းဆောင်အဆင့်ဆင့်စွဲတင်မြှင့် တင်ခြင်းဆိုတဲ့ စီမံမှုအဆင့်ဆင့်ကို ဆောင်ရွက်မှုပုံစံပေါ်မှာ ဖြစ်ပါတယ်။ အဲဒီတော့ အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းအနေနဲ့ စောစောကပြောခဲ့သလို လောင်းရိပ်မိတတ်တဲ့ သဘောတရား ရှိတတ်သော်ငြားလည်း အဖွဲ့အစည်းမှာ မှန်ကန်တဲ့သဘောထားရှိရင် ဒီလူငယ်တွေဟာ ဘယ်တော့မှ သေးသိမ်သွားမှာ မဟုတ်ပါဘူး။ ဒါလည်းပဲ သဘောပေါက်ထားရမယ့် အချက်တချက်ဖြစ်ပါတယ်။
စည်းကမ်းရှိတဲ့ ဒီမိုကရေစီမဟုတ်
လူငယ်အဖွဲ့ဖွဲ့စည်းဖို့စဉ်းစားတဲ့အခါမှာ ရဲရင့်ခြင်း၊ ဇွဲရှိရမယ်။ ဇွဲဆိုတာကလည်း အားလုံးသိကြတဲ့ အတိုင်းပဲ စွဲစွဲမြဲမြဲလုပ်တယ်။ အားသွန်ခွန်စိုက်လုပ်တယ်ဆိုတဲ့ ဇွဲမျိုး၊ မာန်ဆိုတာလည်း ရှိရမယ်။ အရေးအကြီးဆုံးအချက်ကတော့ စည်းကမ်းရှိခြင်းပဲ။ ဒေါ်စုရဲ့ကောင်းသော အရည်အချင်းတွေထဲမှာ စည်းကမ်းလည်း ပါဝင်ပါတယ်။ ဒေါ်စုဟာ စည်းကမ်းကို တန်ဖိုးထားတယ်၊ သူများကိုလည်း စည်းကမ်းရှိစေချင်တယ်။ အဲဒီတော့ ကျနော်တို့ဟာ ဒီအချိန်မှာ စည်းကမ်းအကြောင်းကို ဒေါ်စုကို တည်ပြီး ပြောရတာလည်း မကောင်းဘူး၊ တော်ကြာ ဒေါ်စုပါ စည်းကမ်းရှိသော ဒီမိုကရေစီထဲပါ သွားမှာလည်း စိုးရတာကိုး။
လူငယ်တွေကို ကျနော်ပြောချင်တာက စည်းကမ်းနဲ့ပတ်သက်လို့တော့ အလေးထားပါ။ ဒေါ်စုမှာ စောစောကပြောတဲ့ ရဲရင့်ခြင်း၊ ဇွဲကောင်းခြင်း၊ ဥာဏ်ပညာမြင့်မားခြင်း စတဲ့အချက်တွေအပြင် စည်းကမ်းရှိခြင်းဆိုတာက အရေးအကြီးဆုံးတခုလိုဖြစ်နေတယ်။ ဒါတွေကို အမြဲတမ်း စံနမူနာယူပါ။ ဒေါ်စုရဲ့ ကောင်းခြင်းတွေကို လေ့လာပါ။ ဒါဟာလည်း လူငယ်တွေ အနာဂတ်ကို ရင်ဆိုင်တဲ့အခါမှာ ဒါတွေဟာ အကောင်းဆုံး စံပြုရမယ့်အရာတွေလည်း ဖြစ်ပါတယ်။
အနာဂတ်ကို ဖောက်ထွက်ကြပါ
အနာဂတ်ကို ဦးဆောင်မယ့်လူငယ်တွေအနေနဲ့ တခါတလေ တွေးတဲ့ခေါ်တဲ့နေရာမှာ ထွက်ပေါက်ဆိုတဲ့ စကားကိုပြောကြတယ်။ ကျနော်တို့ ထွက်ပေါက်ဘယ်မှာလဲ၊ ထွက်ပေါက်ကို ဘယ်လိုလုပ်မလဲ စသည်ဖြင့် ထွက်ပေါက်ကိစ္စတွေကို ခဏခဏကြားလာရတယ်။ ဒီတော့ အနာဂတ်ကိုရင်ဆိုင်တဲ့အခါ ခုနကပြောသလို လူငယ်တွေရင်ဆိုင်ရမယ့် အနာဂတ်အလွန်ကို ခက်ခဲနက်နဲတဲ့ အနေအထားမှာ ရှိနေတယ်။ အဲဒီလိုထွက်ပေါက်ထက် ပိုပြီးအရေးကြီးတာက ဖောက်ထွက်ဖို့ပဲဖြစ်ပါတယ်။ ဖောက်ထွက်ဖို့ကို စဉ်းစားကြပါ။ ဖောက်ကိုထွက်ရမယ့်အနာဂတ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ အမြဲတမ်းထွက်ပေါက်ကိုချည်း စဉ်းစားမနေဘဲ ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီးအရေးကြီးပါတယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်။

ဆက်ဖတ်ရန်...

ပြည်သူလူထုသို့  အထူး တိုက်တွန်းချက် (အသံဖိုင်)။

ပြည်သူလူထုသို့  အထူး တိုက်တွန်းချက် (အသံဖိုင်)။


တိုက်ရိုက်နားထောင်ရန် -

http://www.free-from-boss.com/audio/YS1.mp3 (File Size - 37MB)

ဖိုင်အား ဒေါင်းလုပ် လုပ်ရန်အတွက် ဒီမှာ နှိပ်ပါ -

http://www.mediafire.com/?mjcjoxmmttg (File Size - 37MB)

ဆက်ဖတ်ရန်...

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ တွင် လှုပ်ရှားဆောင်ရွက်သူများနှင့် ဆက်သွယ်မေးမြန်းချက်များ၊

နှစ်(၆၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ တွင် မြန်မာပြည်လွတ်မြောက်ရေး
အဖွဲ့ ချုပ်နှင့် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများမှ လှုပ်ရှားဆောင်ရွက်မူ့ များအား
သတင်းဌာနများနှင့် ဆက်သွယ်မေးမြန်းချက်များဖြစ်ပါသည်၊
http://streamer1.rfa.org/audio/BUR/BUR-2008-1208-1930.mp3
http://63.247.85.190/media.php?mp3=2008_12_09_0600.mp3
http://63.247.85.190/real.php?mp3=2008_12_02_2100.mp3
http://www.rfa.org/burmese/news/pamphlets_distributed_in_mandalay-12112008165330.html

ဆက်ဖတ်ရန်...

“လူငယ်နှင့်အနာဂတ်” ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တွင် ဆွေးနွေးပွဲပြုလုပ်၊



လူငယ်များတောင်းဆိုတိုက်တွန်းချက်အ၇လက်ရှိအဖွဲ့ ချုပ်ခေါင်းဆောင် ဦးဝင်းတင်မှ ဟောပြောခဲ့ခြင်းဖြစ်သည်။
လူငယ်နှင့်အနာဂတ်ဆိုသောဟောပြောပွဲခေါင်းစဉ်ကို လူငယ်များမှပင်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး
ဟောပြောပွဲအပြီး လူငယ်များမှမေးခွန်းများမေးခဲ့ကြခြင်းဖြစ်သည်၊ ဟောပြောပွဲသို့ 
ရန်ကုန်တိုင်းမြို့ နယ်ပေါင်းစုံမှ စိတ်ပါဝင်စားသူ လူငယ် ၃၀၀ ခန့် တက်ရောက်ခဲ့ကြပြီး အဖွဲ့ ချုပ်ခေါင်းဆောင်များလည်းတက်ရောက်ကြသည်ကိုတွေ့ ရှိရသည်၊
ဟောပြောပွဲကျင်းပခြင်းသည် အဖွဲ့ ချုပ်မျိုးဆက်သစ်လူငယ်များအတွက် လွန်စွာတန်ဖိုးရှိသော အတွေ့ 
အကြုံများကို ဖြစ်ပေါ်စေပြီး၊ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးအတွက်
ဟောပြောပွဲများကို ဆက်လက်ပြုလုပ်ရန်စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်၊

ဆက်ဖတ်ရန်...

ပြည်တွင်းလှုပ်ရှားမှု သတင်း (ထောင်တံခါးတွေ ဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ)။

Action News - Open Prison Doors - Close Court




















































(မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချူပ် သတင်းစဉ်)။

ဆက်ဖတ်ရန်...

မြန်မာပြည်ဒီမိုကရေစီအင်အားစုများမှလည်း လူ့ အခွင့်အရေးနေ့ အဖြစ် လှုပ်ရှားဆောင်ရွက်၊




ဆက်ဖတ်ရန်...

စင်္ကာပူနိုင်ငံမှ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ အခမ်းအနားပွဲ


ဆက်ဖတ်ရန်...

International Human Rights Day movement in Burma

International Human Rights Day movement in Burma (1)


ဆက်ဖတ်ရန်...

လူ့ အခွင့်အရေးနေ့ အခမ်းအနားချီတက်ပွဲ ဂျပန်နိုင်ငံတွင် ကျင်းပနေစဉ်၊



ဆက်ဖတ်ရန်...

60th anniversary of International Human Rights Day in Thailand











နှစ်(၆၀)ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ အား မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂရုံးတွင် ပြုလုပ်ရာ နိုင်ငံရေးအကျဉ်းသားများ၊ အဖွဲ့ အစည်းများမှ ခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ
တက်ရောက်ခဲ့ပါသည်၊
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ မှ ဒုဥက္ကဌ ဒေါ်စန်းစန်းမှ နှစ်(၆၀) ပြည့် လူ့ အခွင့်အရေးနေ့ တွင် နိုင်ငံတကာအခြေအနေများနှင့် မြန်မာနိုင်ငံ၏လူ့ အခွင့်အရေးချိုးဖောက်ခံရမူ့ အခြေအနေများ၊ မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂမှ အမျိုးသမီးမှ လူ့ အခွင့်အရေးအခြေအနေများကို၎င်း၊ ၾသစေတ်းလ် နိုင္ငံမွ ကျောင်းဆရာမတဦးမှ လည်း လူ့ အခွင့်အရေးနေ့ အပေါ်၎င်း၏အမြင်ကို ၄င်း၊မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ်မှ အလုပ်သမားအခွင့်အရေး တိုက်ပွဲများနှင့် လူ့ အခွင့်အေ၇း
ချိုးဖောက်ခံရသော အခြေအနေတို့ ကို၎င်း၊ နိုင်ငံရေးအကျဉ်းသားများမှမြန်မာနိုင်ငံအကျဉ်းထောင်များ
ထဲတွင် နိုင်ငံရေးအကျဉ်းသားများအား ညှင်းပန်းနှိပ်စက်ခံရသောအခြေအနေများကို တဦးချင်း မိမိတို့ ၏
အကျဉ်းထောင်တွင်းဖြတ်သန်းမူ့ ကာလအခြေအနေများကိုရှင်းလင်းပြောကြားသွားပါသည်၊

ဆက်ဖတ်ရန်...

နှစ်(၆၀)ပြည့် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့  အခမ်းအနားတွင်သြစတြီးယားနိုင်ငံမှ ကျောင်းဆရာမတစ်ဦးမှ ရှင်းလင်းပြောကြားနေစဉ်၊


ဆက်ဖတ်ရန်...

International Human Rights Day Campaign Poster


ဆက်ဖတ်ရန်...

နှစ်(၆၀) ပြည့် နိုင်ငံတကာလူ့ အခွင့်အရေးနေ့ ဖိတ်ကြားခြင်း၊



ဆက်ဖတ်ရန်...

FBF statement for 10 D campaign

နေ့ စွဲ- ဒီဇင်ဘာ ၆ ရက် ၂၀၀၈



အကြောင်းအရာ။ နှစ်၆၀ပြည့် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့သဘောထားထုတ်ပြန်ကြေငြာချက်

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် နိုင်ငံတကာရောက် ဒီမိုကရေစီလိုလားသော မြန်မာအဖွဲ့အစည်းများ စုစည်း၍ နအဖ ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုရေး လုပ်ငန်းစဉ်များကို တညီတညွတ်တည်း ပြင်းထန်စွာ ကန့် ကွက်ရှုံ့ချကြောင်း အနှစ် ၆၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ တွင် ကြေငြာအပ်ပါသည်။



ဗိုလ်သန်းရွှေ ဦးဆောင်သည့် န၀တ တဖြစ်လဲ နအဖ စစ်အုပ်စုတို့ သည် မိမိတို့  အာဏာတည်မြဲရေးနှင့် တိုင်းပြည်ကို တရားဝင်စစ်ကျွန်ပြုရန် အလို့ ငှာ ပရမ်းပတာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးခေါင်းဆောင်များ၊ကိုမင်းကိုနိုင်နှင့်တကွ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများကို နစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် မတရားထိုးစစ်ဆင်ခြင်း၊ ရွာများမီးရှို့ ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသော့ ရက်စက်ရမ်းကား ယုတ်မာမူများကို နှစ်ပေါင်း(၂၀)နီးပါး ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြသည်။

ဗိုလ်သန်းရွှေ၏ စေ့စပ်ရေးဆွေးနွေးရန် တောင်းဆိုချက်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လျစ်လျုရှု၍၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ (၈၈) ကျောင်းသားခေါင်းဆောင်များကို ထောင်သွင်း အကျဉ်းချထားခြင်းလုပ်ရပ်နှင့် ၁၉၉၀ မေလရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်၍ ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကိုဆန့်ကျင်ပြီး၊ လာမည့် ၂၀၁၀တွင် ရွေးကောက်အသစ်ထပ်မံပြုလုပ်ရန် ကိုယ်တိုင်ထုတ်ဖေါ် ပြောကြားချက်များကိုလည်း ကျွန်ုပ်တို့မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီအဖွဲ့များ အားလုံးမှ တညီတညွတ်တည်း ကန့် ကွက်လိုက်ပါသည်။



ကျွန်ုပ်တို့အနေဖြင့် ယနေ့စုပေါင်းပြုလုပ်သည့် နအဖစစ်အုပ်စုအား ဆန့်ကျင်ရှုံ့ချ ဆန္ဒပြပွဲများမှတဆင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားစေမည့် အဆုံးအဖြတ်တိုက်ပွဲ (၀ါ) ဗိုလ်ချုပ်သန်းရွှေနှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များအတွက် သေမင်းတမန် တိုက်ပွဲ ကိုလည်း မြန်မာနိုင်ငံတဝှမ်းတွင် နအဖ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အကောင်အထည်ဖော် တိုက်ပွဲဝင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်သည်။ သို့ဖြစ်ရာ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် သုတ်သင်ဖယ်ရှားနိုင်ရန် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်လာရေးမူ အပေါ်တွင် အခြေခံသည့် လိုအပ်သောလုပ်ငန်းစဉ်များအားလုံးကို စနစ်တကျ ချမှတ်လုပ်ဆောင်သွားကြမည်ဖြစ်သည်။



သမိုင်း၏ တောင်းဆိုချက်ဖြစ်သော မြန်မာ့မျိုးဆက်သစ်များ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့် ရရှိစေရေး၊တိုင်းရင်းသားပြည်သူများအားလုံး တရားဥပေဒေနှင့် အကာအကွယ် ရရှိစေရေး စသည့် ရည်မှန်းချက်များကို ရှေးရှူ၍ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့အားလုံး စုပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။



ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း၊ မြန်မာပြည်သားများ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားသည်အထိ နအဖ စစ်အာဏာရှင်တို့အပေါ်တွင် ထိရောက်သည့် အရေးယူမူများအား ဆက်လက်လုပ်ဆောင်ပေးကြပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။



ရွှေစင်ထွန်း

ဒုဥက္ကဌ ()

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်



ဆက်သွယ်ရန်။

ကိုရွှေစင်ထွန်း - ဖုန်း (+1) 301 523 9292, Email: shwesinhtun@yahoo.com

ကိုရင်အေး- ဖုန်း (+1) 301 905 7591, Email: yindbso@gmail.com

ဆက်ဖတ်ရန်...

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ ချုပ်မှထုတ်ဝေသော NEWSLETTER (DECEMBER)

FBF Newsletter, Vo. 1, Issue 2 (Dec, 2008)


ဆက်ဖတ်ရန်...

Global Call to Action against Burmese Military Regime Condemn Burmese Military Regime for human rights violations in Burma


Condemn Burmese Military Regime for human rights violations in Burma

'Dignity and Justice for all of us'

On 10th December, 1948, the General Assembly of the United Nations proclaimed the Universal Declaration of Human Rights as a common standard of achievement for all peoples and all nations that every individual and every organ of society shall strive to promote to respect for these rights and progressive measures, national and international to secure their universal and effective recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction. Burma is a member of the United Nations and voted in favor of the Universal Declaration of Human Rights in 1948.


However, Gross Human Rights Violations, including forced displacement, forced labour, attacked by soldiers on civilians, destruction or theft of food supplies, murder, torture, rape and political imprisonment have been widespread in Burma. Freedom of expression and Freedom of Association are non-existence. The right to life, liberty and security for Burmese citizens are denied. People of Burma have been subjected to arbitrary arrest, detention and exile. In Burma, human rights violations are committed on a daily basis by ruling military regime.


Therefore, we call upon the international community and overseas Burmese people around the world to a global day action against the military regime in Burma on 10th December, 2008. Demonstrations and a number of activities will take place in different countries on that day. We would like to encourage everyone to join with us to condemn Burmese military regime for human rights violations in Burma.


Add your voice to a call for Free Burma”


10D Campaign

www.globalactionforburma.blogspot.com

(10 D campaign is a results-oriented coalition dedicated to highlight human rights violations in Burma on Human Rights Day)


A number of activities will take place in UK, USA, Japan, Thailand, Singapore, India, and Canada. Please contact the following persons for detailed information.


Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com

Mr. Yin Aye (USA), Tel: + 1 301 905 7591, Email: yindbso@gmail.com

Mr. Ko Ko Aung (Japan), Email: kokoaung_dfbjp@yahoo.com

Mr. Yin Htwe (Thailand), Email: yinhtway@gmail.com

Mr. Soe Htun (Singapore), Email: lunlunn@gmail.com

Mr. Yaung Ni (India), Email: yaungni800@gmail.com

Mr. Si Thu (Canada), Email: oneloveoneburma@gmail.com

Please share your information if you have any activities in other countries by sending email to globalactionforburma@gmail.com

ဆက်ဖတ်ရန်...

အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးရန် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကြေညာချက်ထုတ်ပြန်၊


ဆက်ဖတ်ရန်...

EMBARGOED: 112 Presidents/PMs call on UNSG Ban Ki-Moon to Travel to Burma to Secure Release of All Political Prisoners

Dear Friends:Please find attached the attached press release and attached letter made public by the Oslo Center for Peace and Human Rights and Freedom Now. It announces the sending of letter from 112 former Presidents and Prime Ministers around the world from more than 50 countries to UN Secretary-General Ban Ki-moon urging him to go to Burma by the end of the year to secure the release of all political prisoners in the country.
Sincerely,
Jared Genser
+1 202 320 4135

Press Release Letter


ဆက်ဖတ်ရန်...

Demostrations in Washington DC (22/11/2008)






ဆက်ဖတ်ရန်...

FBF ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီဝင်များ


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (Free Burma Federation) ကို အောက်ပါဦးတည်ချက်သုံးရပ်ဖြင့် ဖွဲ့စည်းသည်။ ယင်းတို့မှာ-

  • စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေး၊
  • စစ်မှန်သော ဒီမိုကရေစီ စနစ် ရှင်သန်ပေါ်ထွန်းရေး၊
  • အမျိုးသား တန်းတူညီမျှရေး၊ သွေးစည်းညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး
စသည်တို့ဖြစ်သည်။

အဖွဲ့ချုပ်၏ ရေတို၊ ရေရှည် လုပ်ငန်းစဉ်များကို၊ ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီ မှလက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်း၊ ပြည်ပနိုင်ငံရေး နှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေတို့အပေါ်တွင် စနစ်တကျ သုံးသပ်ကာ၊ ကျစ်လျစ်၊ ခိုင်မာ၊ တိကျ သော ဆုံးဖြတ်ချက်များကို၊ချမှတ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဗဟိုနိုင်ငံရေး ဦးဆောင်ကော်မတီအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည်။

၁။ ကိုမိုးသီးဇွန် (ဥက္ကဌ)

၂။ ကိုအောင်မျိုးတင့် (ဒုဥက္ကဌ- )

၃။ ကိုရွှေစင် (ဒုဥက္ကဌ- )

၎။ ကိုရင်အေး (အထွေထွေအတွင်းရေးမှူး)

၅။ မခင်မမမျိုး (တွဲဖက်အတွင်းရေးမှူး-)

၆။ ကိုအေးမင်း (တွဲဖက်အတွင်းရေးမှူး-)

၇။ ကိုမင်းမော် (CEC)

၈။ ကိုပါကြီး (CEC)

၉။ ကိုရင်ထွေး(CEC)

၁၀။ကိုကျော်ကျော်စိုး (CEC)

။ ကိုစိုးထွန်း (CEC)

၁၂။ ကိုခင်မောင်ဝင်း (CEC)

။ ကိုနစ်နေမန်း (CEC)

၁၄။ ကိုမြတ်စိုး (CEC)

၁၅။ ကိုကိုကိုအောင် (CEC)

၁၆။ ကိုရောင်နီ (CC)

၁၇။ ကိုကျော်ကျော် (CC)

၁၈။ ကိုအောင်ဇေယျ (CC)

၁၉။ ကိုစည်သူ (CC)

၂၀။ ကိုရန်နောင် (CC)

၂၁။ ကိုတေဇာတေ (CC)


အထက်ပါ ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီဝင်များမှ သင့်လျော်သော လုပ်ငန်းစဉ်ရေးရာကော်မတီများ ဖွဲ့စည်း၍ တော်လှန်ရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်သွားမည်ဖြစ်သည်။

ဆက်ဖတ်ရန်...

ဓါတ်ပုံစလိုက်

ဒေါ်စုစည်းရုံးစဉ်

စာစုမော်ကွန်း

Subscriber

Enter your email address:

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ တင်သမျှသတင်း၊ဆောင်းပါးများကို အီးမေးလ်ပို့ပေးစေချင်လျှင်အထက်ပါဖောင်ထဲတွင် သင့်အီးမေးလ်လိပ်စာထည့်ခဲ့ပါရန်။

Delivered by FeedBurner

ကျွနု်ပ်တို့အားအီးမေးလ်ပို့ချင်ပါလျှင်
ဤနေရာသို့နှိပ်ပါရန်... မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဗိုလ်ချုပ်မွေးနေ့

ခေါင်းဆောင်များ