Genocide in Burma


“Last year I was in Rwanda, where western governments failed to name genocide for what it was. After Rwanda,the international community once again declared "Never again", but in Burma it is never again, all over again.”
(Lord Alton, House of Lords, parliament debate)

“Last year I was in Rwanda, where western governments failed to name genocide for what it was. After Rwanda,the international community once again declared "Never again", but in Burma it is never again, all over again.”
(Lord Alton, House of Lords, parliament debate)
Genocide is the world most horrible human rights problem. It killed millions of people during the past decades, especially 1.5 million Armenians, 3 million Ukrainians, 6 million Jews, 250,000 Gypsies, 6 million Slavs, 25 million Russians, 25 million Chinese, 1 million Ibos, 1.5 million Bengalis, 200,000 Guatemalans, 1.7 million Cambodians, 500,000 Indonesians, 200,000 East Timorese, 250,000 Burundians, 500,000 Ugandans, 2 million Sudanese, 800,000 Rwandans, 2 million North Koreans, 10,000 Kosovars. Most of the cases were committed by the government. When those in power are wrong, it has become a threat to its own people.
The origin of the concept called ‘Genocide’ is the 1944 work by Raphael Lemkin on Axis Rule in Occupied Europe:
“[ ] This new word….is made from the ancient Greek word genos (race, tribe) and the Latin cide (killing)……aiming at the destruction of essential foundations of the life of national groups, with the aim of annihilating the groups themselves [ ]" (Lemkin, 1944:79)


According to the Convention on the Prevention and Punishment of the Crime of Genocide adopted by Resolution 260 III A of the UN Assembly on 9th December 1948, Genocide can be defined as
“[ ] any of the following acts committed with intent to destroy, in whole or in part, a national, ethnical, racial or religious group, as such:
(a) Killing members of the group;(b) Causing serious bodily or mental harm to members of the group;(c) Deliberately inflicting on the group conditions of life calculated to bring about its physical destruction in whole or in part;(d) Imposing measures intended to prevent births within the group;(e) Forcibly transferring children of the group to another group” (Article II)
The Convention also categorized the punishable acts as
· Genocide;
· Conspiracy to commit genocide;
· Direct and public incitement to commit genocide;
· Attempt to commit genocide;
· Complicity in genocide. (Article III)
As Genocide was mostly committed by the rulers, the Convention clearly identified the enforcement in Article IV as “Persons committing genocide or any of the other acts enumerated in article III shall be punished, whether they are constitutionally responsible rulers, public officials or private individuals”. In fact, Genocide affects not only the victims of the national groups but also the international community in a contemporary world.
As Pellet argued,
“[ ] Genocide threatens the international society as a whole, the very basis of the Still fragile international community” (Pellet, 1999:427)
In the case of Burma, although it ratified the Convention in 1956, the current military regime has adopted Genocide as a terror against the ethnic national groups of Karen, Karenni and Shan people, etc. and the evidences were well-documented in the resources of

* Rogers, Benedict (2004) “ A Land Without Evil: Stopping the Genocide of Burma’s Karen People”;
* Horton, Guy (2005) “ Dying Alive: A legal Assessment of the Human Rights Violations in Burma”;
* Rummel, R. (2001) “Saving Lives, Enriching Life” Pg.18-22; and so on.
As the ‘Genocide Acts” of Burmese military regime were obvious, Baroness Cox, Chief Executive of Humanitarian Aids Relief Thrust (HART) and a deputy speaker of the British House of Lords, who has visited the regions of Karenni, Shan and Karen people many times, called on the international community to investigate claims of genocide and crimes against humanity.
In his work of “A Desperate situation: Genocide in Burma”, Browning also mentioned that the torching of villages, destruction of food stores and crops, theft of livestock and property, extra-judicial killings and rape were every day occurrences affecting hundreds of thousands of innocent civilians. (Browning, 2002)
Moreover, Guy Horton's claimed for the usage of the concept 'genocide' in relation to Burma rests on the 1948 Genocide Convention, ratified by Burma in 1956 as
“According to the convention, the genocide is described as 'deliberately inflicting on the group conditions of life calculated to bring about its physical destruction in whole or in part'. There are over a million people internally displaced in Burma and more than 2,500 villages in eastern Burma have been destroyed since 1996”
(Horton, 2005)
Furthermore, according to the Muslim aid report of “Rohingya faces genocide in Burma”, it was mentioned as
“Extermination and genocide increased, and within nearly 4 decades about half (1.5 million) of total Rohingya population had been forced to flee their homeland and those remaining in the country are counting their days in utter misery, fear and frustration”(Muslim Aid, Al-Jamiat Journal, 2002)
In conclusion, I would like to appeal the international community not to ignore the “Genocide practices” committed by the Military Regime in Burma and take actions against the international criminals in accordance with the international law.

ဆက်ဖတ်ရန်...

အမှားကိုအမှားနဲ့ တုန့်ပြန် နေတဲ့ အမှား ( မိုးသီးဇွန် )

ပထမအမှားက တော့ စီးပွားရေသမားတပ်ဆင်က သူ့ရဲ့ ကြွယ်ဝချမ်းသာလှတဲ့ဥစ္စာတွေကို အသုံးပြု ပြီး ရွေးကောက်ပွဲမှာ မဲဝယ် တာ၊ နိင်ငံရေးသမားတွေကို ငွေနဲ့ ပေါက်ဝယ်တာတွေကို တလျှောက်လုံးလုပ်ခဲ့တယ်။ လာဘ်ပေးလာဘ်ယူမှုတွေကို ပြုလုပ်ခဲ့တဲ့ အမှားဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ကျေးလက်ဒေသက ဆင်းရဲသား ပြည်သူတွေဆီမှာ ရွေးကောက်ပွဲကာလတွေက မဲကိုငွေနဲ့ ၀ယ်ထားနိင်ခဲ့တဲ့အတွက် သူ့ရဲ့
ထိုင်း ရပ်ထိုင်း ပါတီက သုံးကြိမ်ဆက်တိုက်အနိင်ရနေတယ်။

ထိုင်းနိင်ငံမှာ လူထု လှုပ်ရှားမှုဖြစ်နေတာ ကာလအတော်ကြာသွားပြီ။ လူထုလှုပ်ရှားမှုက ဘာနဲ့ တူနေသလဲ ဆိုတော့ အမှားကို အမှား နဲ့ တုန့် ပြန်နေတယ်။ ဒီတော့အဖြေက အမှားပဲထွက်လာမယ် ။ ဘာတွေမှားနေသလဲ ကြည့် ကြပါစို့ ။
-ပထမအမှားက တော့ စီးပွားရေးသမားတပ်ဆင်က သူ့ရဲ့ ကြွယ်ဝချမ်းသာလှတဲ့ဥစ္စာတွေကို အသုံးပြု ပြီး ရွေးကောက်ပွဲမှာ မဲဝယ် တာ၊ နိင်ငံရေးသမားတွေကို ငွေနဲ့ ပေါက်ဝယ်တာတွေကို တလျှောက်လုံးလုပ်ခဲ့တယ်။ လာဘ်ပေးလာဘ်ယူမှုတွေကို ပြုလုပ်ခဲ့တဲ့ အမှားဖြစ်ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့အတွက် ကျေးလက်ဒေသက ဆင်းရဲသား ပြည်သူတွေဆီမှာ ရွေးကောက်ပွဲကာလတွေက မဲကိုငွေနဲ့ ၀ယ်ထားနိင်ခဲ့အတွက် သူရဲ့
ထိုင်း ရပ်ထိုင်း ပါတီက သုံးကြိမ်ဆက်တိုက်အနိင်ရနေတယ်။ အနိင်ရတဲ့အခါမှာ ဒီိမိုကရေစီ ခိုင်မာရေး ၊ဖွံ့ ဖြိုးတိုးတက်ရေးတွေ အတွက်နဲ့အမျိုးသားစည်းလုံးညီညွတ်ရေးတွေကို ထောက်ရူ့ ပြီး အတိုက်အခံပါတီ တွေထဲက ခေါင်းဆောင် တွေကို အစိုးရအဖွဲ့တွင်းမှာ လက်တွဲ ဆောင်ရွက်ခြင်းမပြုတာ၊ ကိုယ်ကျိုးစီးပွားကိုရှေ့ ရူပြီး အနိင်ရပါတီကြီး ၀ါဒ ကျင့်သုံးမှုတွေက ထိုင်းနိင်ငံရဲ့ ဖွင့်ဖြိုးခါစ ဒီမိုကရေစီကို ချိနဲ့ သွားစေပါတယ်။
People Alliance for Democracy – PAD ရဲ့ အမှား ။
တပ်ဆင်ရဲ့ အမှားကို အမှားနဲ့ တုန့် ပြန်မိတာကတော့ အတိုက်အခံ ဖြစ်တဲ့ People Alliance for Democracy – PAD - ရဲ့ အမှားဖြစ်တယ်။ လက်ရှိနိင်ငံရေးစနစ်အပေါ်သူတို့ရူမြင်ချက်က - တပ်ဆင် အာဏာ ဆက်တိုက် ရနေတာ ဟာ ကျေးလက်ဒေသ က ဆင်းရဲ သား ပညာနည်း အများစုကြီး ရဲ့  မဲကို ငွေနဲ့ ပေါက်ဝယ်သွားလို့ဖြစ်တယ်။ ဒီလိုငွေနဲ့ ပေါက်ဝယ်နိင်တဲ့ အခွင့်အလမ်းက အစိုးရကို လူထုက တိုက်ရိုက် ရွေးချယ်တဲ့ စနစ်ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်။ လူထု မရင့်ကျက် သေးဘူး။ အစိုးရအဖွဲ့ရွေးချယ် ခြင်းကိစ္စ လို အလွန်အရေးကြီးတဲ့ဆုံးဖြတ် ချက်တွေကို ချမှတ်တဲ့နေရာမှာ သာမန်လူထုတွေက မဆုံးဖြတ်နိင် သေးဘူး။ နိင်ငံတော်အရေးအခင်းဆိုတာကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသလို လေးနက်တယ်။ သိမ်မွေ့တယ်။ခက်ခဲတယ်။
ဒါကြောင့် သာမန်ပြည်သူတစ်ယောက်က အစိုးရအဖွဲ့ ကိုရွေးချယ်တဲ့ လေးနက်တဲ့ကိစ္စကို လုပ်ဆောင်ဖို့ ရာ သမာဇဉ် မရှိဘူး။ ဒါကြောင့် လူထုက တိုက်ရိုက်ရွေးခြယ်တင်မြောက်မယ့်အစား၊ ချင့်ခြိမ်နိုင်မဲ့ သုခမိန် တွေ ၊ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်နေတဲ့  ဖွံ့ဖြိုးရေးသမားတွေ ကို တိုက်ရိုက်ခန့် အပ်ခြင်း အားဖြင့် ပိုမိုကောင်းမွန်တဲ့ နိင်ငံရေးစနစ်ကိုတည်ဆောက်နိင်မယ်။ သုခကို လူတွေခံစားနိင်မယ်လို့ မြင်ကြပုံရတယ်။ ဒီလို ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေကို ရွေးချယ်တဲ့အဖွဲ့တစ်ခု ကို ဖွဲ့ စည်းပြီးမယ်၊ ဒါမှမဟုတ် ဘုရင်က တိုက်ရိုက်ခန့် ထား ပေးမယ်။ ကိုယ်စားပြုဒီမိုကရေစီ- Representative Democracy လို့ ခေါ်ရင်ရမယ်။ ( ဒါပေမဲ့အင်္ဂလိပ်လို ကိုယ်စားပြုဒီမိုကရေစီဆိုတဲ့ အဓိပ္ပါယ်ကတော့ ဒါမျိုးမဟုတ်ပါဘူး။ ) ဒီတော့ဂရိနိင်ငံ အေသင်မြို့ ကနေ မြစ်ဖျားခံလာတဲ့ လူအများစုက အစိုးရကိုတိုက်ရိုက်ရွေးခြယ်တင်မြောက်ခဲ့တဲ့ စနစ်ဟာ အနောက်တိုင်း ပုံစံဖြစ်တယ်။ ထိုင်းရေမြေတောတောင်နဲ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီဖူးလို့ သူတို့ ယူဆလာတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြုပြင်ရေးဆွဲ ဖို့  ပီအေဒီ ခေါင်းဆောင်တွေ က တောင်းဆို ခဲ့ကြတယ်။ ဒါက အမှား ဖြစ်လာတယ်။ အစိုးရအဖွဲ့ ကို လူထုက တိုက်ရိုက်ရွေးချယ် တင်မြောက် တဲ့စနစ်ကို ဒီမိုကရေစီရဲ့အရင်းခံ ကျင့်စဉ်အဖြစ် လက်ခံလာတာကို ပီအေဒီက ဆန့်ကျင်နေသလို ဖြစ်လာ ပါတယ်။
လာဘ်စားမှုကြောင့် တပ်ဆင်ကိုလည်းဖြုတ်ချ ပြီးပြီ၊ အရေးလည်းယူပြီးပြီ၊( အဖမ်းမခံပဲ တပ်ဆင်ထွက်ပြေးတာ ကတော့ တပ်ဆင် ထိုက်နဲ့ တပ်ဆင်ကံ) ဘာကြောင့် ပီအေဒီက ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်း လှည်းဘီးကို ပြောင်းပြန် လှည့် ဖို့ ကြိုးပမ်းနေ တာကတော့ အတော့် ကို စိတ်ပျက်စရာကေင်းလှတယ်။ နအဖ ပြောနေသလို စစ်တပ်က ပါလီမန်မှာ ၂၅ ရာခိုင်နှုန်း ကို လုံးဝ ယူထားမယ်ဆိုတဲ့ အခြေအနေမျိုး ကို သူတို့ ကအမှန်တရားလို့ ယူဆနေတယ်။ ထူးဆန်းဖို့ ကောင်းတာကတော့ ဒီလူတွေဟာ မြို့ နေလူတန်းစားတွေ ၊နဲ့  ပညာတတ်တွေ ပါဝင်နေခြင်းဖြစ်ပါတယ်။ မေးစရာ မေးခွန်းဖြစ်လာတာက တော့ ဒီလို ရွေးချယ်ပေးလိုက်တဲ့ ဆူပါမင်း လို လူတွေကရော အာဏာရလာတဲ့ အခါမှာ လာဘ်မစား ဘူး ၊ အဂတိမလိုက် ဘူး လို့  ဘယ်သူတွေက အာမခံ မလဲ ဆိုတဲ့ ပြသနာ ဖြစ်ပါတယ်။
ပြသနာ အရင်းခံ
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ရဲ့ ဓနဥစ္စာနဲ့ နိင်ငံရေးသြဇာလွမ်းမိုးမှု အဆမတန်ကြီးထွားလာတယ်။ ဒီအခြေအနေက ထိုင်း နိင်ငံရေး အသိုက်အမြုံ ဖြစ်တဲ့ ဘုရင်မိသားစု၊ အတိုက်ခံ ဒီမိုကရက်ပါတီ၊ စစ်တပ်နဲ့  လူလတ်တန်းစားတွေ ကခြိမ်းခြောက်ခံရတယ် လို့ ခံစား လာကြရမှု (Fear Factor) က ပြသာနာရဲ့ အရင်းခံဖြစ်တယ်။
- မိုးသီးဇွန် -( ဆက်လက်ဖေါ်ပြပါမည်။ )

ဆက်ဖတ်ရန်...

မြန်မာနေးရှင်း အယ်ဒီတာနှင့် ၈၈ မျိုးဆက် ကျောင်းသားများကို ထောင်ဒဏ်များဆက်လက်ချမှတ်၊

စစ်အာဏာပိုင်များက ဖမ်းဆီးထားသော မြန်မာနေးရှင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင်တို့ကို ထောင်ဒဏ် ၇နှစ်စီ ချမှတ်လိုက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ၁၃ ဦးကို ထောင်ဒဏ် ၆ နှစ် စီ ချမှတ်လိုက်သည်။
ဦးသက်ဇင် နှင့် ဦးစိန်ဝင်းမောင်တို့ကို အာဏာပိုင်များ က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်၊၎င်းတို့ ၂ ဦးကို

အကြောင်းပြချက်မရှိဘဲ အာဏာပိုင်များက ဂျာနယ်တိုက်သို့ ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမ၀င် ပုံနှိပ် ထုတ်ဝေ ပုဒ်မ ၁၇/၂၀ ဖြင့် တရားစွဲဆိုထားခဲ့သည်။
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုသိန်းသန်းထွန်း၊ ကိုသော်ဇင်ထွန်း၊ ကိုဇော်ထက်ကိုကို၊ ကိုချစ်ကို လင်း၊ ကိုစောမျိုးမင်းလှိုင်၊ ကိုအောင်ကြီး ခေါ် ကိုအောင်သိုက်စိုး၊ ဦးပြည်သန်း၊ ဒေါ်စန်းစန်းတင်၊ မလေးလေးမွန်၊ မအေးသီတာ၊ မနိုးနိုး ခေါ် မငွေနှင်းရည်၊ မနှင်းမေအောင် ခေါ် မနိုဘဲလ်အေးနှင့် မသရဖီ သိမ့်သိမ့်ထွန်းတို့ ၁၃ ဦးကို ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်၊၎င်းတို့သည် ယခုပြစ်ဒဏ် မတိုင်ခင် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံပြီးသူများဖြစ်သည်။
“အဲဒီ ၈၈ အဖွဲ့က ၁၃ ဦးကို အင်းစိန်ထောင် အထူးတရားရုံးက ၆ နှစ်စီ အမိန့်ချတယ်၊ ၅၀၅(ခ) သုံးကြိမ် ပြန်စွဲပြီး တကြိမ်ကို ၂ နှစ် စီနဲ့ ချတာ၊ အဲဒီပုဒ်မ တခုတည်းနဲ့”ဟု ပြောသည်။
စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဆက်ဖတ်ရန်...

For Ma Nilar Thein (မနီလာသိန်းအတွက်)

ရှစ်ဆယ့်ရှစ်မျိုးဆက်ခေါင်းဆောင် မနီလာသိန်းကို စစ်ခွေးတွေ ဆွဲသွားတဲ့ သတင်းကြားရပါတယ်။ မနှစ်က ဒီအချိန်မျိုးမှာပဲ လေးလအရွယ်သမီးငယ်လေးကို ဓါးစာခံလိုသဘောထားပြီး ရမ်းကားယုတ်မာခဲ့တဲ့ အကြောင်းနဲ့ပတ်သက်ပြီး စာလေးတပုဒ် ရေးခဲ့ဖူးပါတယ်။ အခုလဲ တနှစ်လေးလအရွယ် သမီးငယ်လေးရဲ့ မိခင်တယောက်ကို မတရားဖမ်းဆီးချုပ်နှောင်ထားကြပါတယ်။ မနှစ်က စာစုလေးကို အမှတ်တရ ပြန်တင်ထားပါတယ်။ ဒီစာစုလေးထဲကလိုပဲ မနီလာကြားချင်တဲ့ လက်ခုပ်သံတွေအတွက် ကျွန်မတို့တွေ ဆက်လက်တိုက်ပွဲဝင်သွားကြမယ်ဆိုတာ ကတိသစ္စာပြုရင်း-

လက်ခုပ်သံတွေကြားရတော့မှာပါ

“ကျွန်မသမီးလေးရဲ့ ငိုကြွေးသံဟာပေါ့နော်၊ ပြည်သူတွေရဲ့ လက်ခုပ်သံ အဖြစ် ကျွန်မ ကြားချင်တယ်”



ဒီမိုကရက်တစ် မြန်မာ့အသံကနေ ထွက်ပေါ်လာတဲ့ မနီလာသိန်းရဲ့ စကားသံဟာ ကျွန်မရဲ့ နားစည်ကနေ နှလုံးသားထဲကို စီးမျောဝင်သွားတယ်။ ဆို့နင့်လာတဲ့ ကြေကွဲမှု၊ ၀ဲတက်လာတဲ့ မျက်ရည်စတို့နဲ့ အတူ ကျွန်မရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ ခြောက်လသားအရွယ် သားငယ်လေးကို တင်းကျပ်စွာ ဖက်လိုက်မိတယ်။

လေးလသားအရွယ် သမီးငယ်၊ သားဖွားပြီးကာစ သွေးနုသားနု မိန်းမသား၊ အဆပေါင်းများစွာ ခုန်တက်သွားတဲ့ လောင်စာဆီ ဈေးနှုန်း၊ လူထုရဲ့ ဆန္ဒကို အသက်နဲ့ စတေး၊ ဘ၀နဲ့စတေးပြီး ကိုယ်စားပြု ဖော်ထုတ်ပေးခဲ့တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများ၊ လူမဆန်အောင် ရက်စက်တဲ့ ရိုက်နှက် ဖမ်းဆီးမှုများ၊ အမျိုးသမီးတွေကို မြို့လယ်ခေါင်မှာ ထမီဆွဲချွတ်တဲ့ မိုက်ရိုင်းစော်ကားမှုများ။

အတွေးစတွေက၀ရုန်းသုန်းကားနဲ့ပေါ်ပေါက်လာကြတယ်။
မွန်းကြပ်လာတဲ့ စိတ်အစုံကြောင့် တောက်တချက်ခေါက်လိုက်မိတော့ ရင်ခွင်ထဲက သားငယ်လေးက သူ့အမေကို မော့ကြည့်တယ်။ ခွင့်လွှတ်ပါသားလေးရယ်။
သားလေးတို့လို အင်မတန် နူးညံ့တဲ့ ကလေးငယ်လေးတွေရှေ့မှာ ဒီလို မဖြစ်သင့်ဘူးဆိုတာ မေမေသိပါတယ်။ ဒါပေမယ့် မေမေ့ရင်ထဲမှာ မခံမရပ်နိုင် ဖြစ်လာလွန်း လို့ ပါ၊ တချိန်သားကြီးလာရင် ဒီကိစ္စတွေကို မေမေပြောပြမယ်နော်လို့ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ ဘာမှ မသိရှာတဲ့ သားငယ်လေးကတော့ သူ့ကိုစကားတတွတ်တွတ်ပြောနေတဲ့ အမေဖြစ်သူကို ရယ်ပြနေရှာတယ်။
လသားကလေးငယ်လေးတွေနဲ့ မိခင်တွေကြားက နှောင်ဖွဲ့ မှုကို ကိုယ်တိုင် ခံစားနေမိရင်း မြန်မာပြည်တနေရာဆီက လေးလသား သမီးငယ်လေးကို သွားသတိရမိတယ်။ ဒီအချိန်ဆိုရင် သမီးငယ်လေး ဘာလုပ်နေမှာပါလိမ့်။ နို့ ဆာပြီးပဲ ငိုနေမလား၊ မိခင်ကိုပဲ တမ်းတ ရှာဖွေနေမလား။
လသားအရွယ် ကလေးငယ်လေးတွေဆိုပေမယ့် သူတို့ရဲ့ ခံစားနားလည်နိုင်စွမ်းတွေက အင်မတန်ထက်မြက်ကြတာကလား။အမေရဲ့အနံ့နဲ့ အသံကိုလဲ မယုံကြည်စရာ ကောင်းလောက်အောင်ကိုမှတ်မိသိရှိနေတတ်ကြတယ်။
မိခင်ဘ၀မရောက်ခင်က ကလေးငယ်လေးတွေငိုရင် နို့ ဆာလို့ ပဲလို့  ကျွန်မထင်ခဲ့ဖူးတယ်။ တကယ်မိခင်ဖြစ်လာတော့မှ နို့ ဝပြီဆိုရင်တောင် အမေရဲ့နို့ ကို ငုံထားချင်၊ စုပ်ထားချင်တဲ့ သူတို့ရဲ့ သဘာဝလေးတွေကို သတိထားမိလာခဲ့ရတာ။ အမေ့ရဲ့ ရင်ခွင်ထဲမှာ နေရတာကိုလဲသူတို့လေးတွေက သိပ်နှစ်သက်ကြတာ။ အမေနို့ ကနေ နို့ ဗူး ပြောင်းတိုက်တာကလဲ ချက်ချင်းကြီး ရော့-အင့် လုပ်လို့ ရတာ မဟုတ်။ တဖြည်းဖြည်းချင်း လျှော့သွားရတာ။

သားငယ်လေးဆိုရင် နို့ ဗူးစတိုက်စဆို ငိုလိုက်တာ ကြွက်ကြွက်ညံပါရော။ သြော်-ဒီအချိန်ဆိုရင် အဖွားဖြစ်သူဖျော်ထားတဲ့ နို့ ဗူးလေးနဲ့  မနီလာ ကလေးလေး ဘယ်လိုများ ဖြစ်နေမှာပါလိမ့်။ နို့ ဗူးစို့ ရင်း အမေ့ နို့ ချိုကိုပဲ တမ်းတနေရှာမလား။
ကိုယ်ချင်းစာမိတဲ့ အတွေးလေးတွေနဲ့ အတူ ကျွန်မ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတာ သတိထားမိတယ်။ သားလေးပေါ်မရောက်အောင် လက်ဖမိုးနဲ့  အသာ သုတ်လိုက်မိတယ်။
ရှေးအခါက ကြားဖူးတယ်။ မိဘတွေဟာသားသမီးပေါ်မှဲ့တပေါက်တောင် အစွန်းမခံနိုင်ကြဘူးတဲ့။ ဟုတ်မှာပါ။ ကျွန်မရဲ့ သားလေးကိုယ်ပေါ်ကို မျက်ရည်စက်လေးတစက် ကျဆင်းသွားမှာ တောင် ကျွန်မ မလိုလား။ မနီလာခမျာလဲ ဒီလိုပဲ ခံစားနေရရှာမှာ။ သမီးငယ်လေးရဲ့ ကျန်းမာရေးအခြေအနေကြောင့် အိမ်အပြန်ပို့အပြီး၊ လွတ်ဟာနေတဲ့ လက်အစုံကို မနီလာ ဘယ်လိုခွန်အားတွေနဲ့ များ ရင်ဆိုင်ခဲ့ပါလိမ့်။ သမီးလေးကို နို့ မတိုက်ရလို့ တင်းလာတဲ့ နို့ အုံတွေကို သူဘယ်လိုများ ခံစားခဲ့ပါလိမ့်။ တစိမ့်စိမ့်ထွက်နေတဲ့ နို့ရည်လေးတွေဟာ သူ့မျက်ရည် စက်လေးတွေနဲ့များ အပြိုင်ဖြစ်နေလေရော့သလား။
ပြည်သူတွေအတွက် ကိုယ်စားပြုပြီး အမှန်တရားကို ထုတ်ဖော်ပြောဆိုလို့  မတရားတာကို ဆန့် ကျင်ဆန္ဒပြတာကို ဖမ်းဆီးဖို့ ဆိုပြီး စစ်ဆင်ရေးတခုလိုသတ်မှတ်လို့ အသည်းအသန် လိုက်လံရှာဖွေနေကြတဲ့ ယောက်ျားကြီးတွေရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ပုန်းအောင်းပြေးလွှားနေရတဲ့ သွေးနုသားနု မိန်းမသားတယောက်ရဲ့ ဘ၀မှာ သမီးလေးကို တမ်းတပြီး၊ ပေါက်ကွဲထွက်လာတဲ့ ခံစားမှုတွေအတွက် အသံထွက် ငိုကြွေးခွင့်တောင် ရရှာပါ့မလား။
ကျွန်မဘ၀ တနေ့တာရဲ့အစ အလုပ်ခွင် မသွားခင်မှာ သားငယ်လေးကို ကလေးထိန်းအိမ်သွားပို့ ပြီးရင် အဲဒီအိမ်ကနေ လှမ်းထွက်တဲ့ ကျွန်မခြေလှမ်းလေးတွေ နှေးကွေးနေတာ၊ စားစားသွားသွား သူ့ မျက်နှာလေးကိုပဲ မြင်ယောင်နေမိတာ၊ အပြန်ဆိုရင် ကျွန်မရဲ့ ခြေလှမ်းတွေ အလိုအလျောက် မြန်ဆန်နေမိတာ၊ သားလေးနဲ့ တွေ့ လို့  ဖက်ရမ်းနမ်းရှုတ်လိုက်တာနဲ့သူ့မျက်နှာလေး ပြုံးယောင်သန်းလာတာတွေကို သတိရမိတယ်။ ဒါတွေအားလုံးဟာ မိခင်တယောက်ရဲ့ ရင်ထဲ၊ နှလုံးသားထဲက တေးသွားလေးတွေပါ။ အခု မနီလာတယောက် ဒီတေးသွားလေးတွေနဲ့  ဝေးနေရရှာတယ်။ တိုင်းပြည်နဲ့  လူမျိုးအတွက် နှလုံးသားကို စတေးထားရတယ်။ ဂုဏ်ယူတယ် မနီလာ။ ပြုနိုင်ခဲတဲ့ စွန့် လွှတ်အနစ်နာခံမှု၊ ရွေးချယ်မှု ပြုလုပ်နိုင်ခဲ့သူ တယောက်ကို ရင်ထဲ၊ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါတယ်။

ကျွန်မရဲ့အတွေးတွေကမကြာသေးခင်ကမှ မြေးသစ်လေး တယောက်ရထားတဲ့ စစ်အာဏာရှင်ကြီးဆီကို ရောက်သွားပြန်တယ်။တကယ်လို့ များ သူ့ သမီးသာ ဒီလိုအခြေအနေမျိုးတွေတွေ့နေရမယ်ဆိုရင်၊ သူ့မြေးလေးသာ အခုသမီးလေးလို လသားကလေးငယ်ဘ၀မှာ အမေ့ရင်ခွင်၊ အမေ့နို့ရည်ချိုလေးတွေနဲ့ ဝေးကွာနေရမယ်ဆိုရင် သူကြည့်ရက်နိုင်ပါ့မလား။
အတ္တမကြီးကြစမ်းပါနဲ့  စစ်အာဏာရှင်တို့ ရယ်။
ကိုယ့်အာဏာတည်မြဲဖို့ ၊ ကိုယ့်ဆွေမျိုးသားသမီးတွေ ကောင်းစားဖို့ အရေး သူတပါး မျက်ရည်စက်တွေကို ခြေဆေးပစ်နေရတာ၊ သူတပါး အသည်းနှလုံးတွေကိုနင်းခြေဖျက်ဆီး ပစ်ရတာ၊ သူတပါးအသွေးအသားတွေကိုဖောက်ထုတ်ပစ်ရတာ ဂုဏ်ယူဖွယ်ရာများထင်နေသလား။
အောင်ပွဲခံစရာများ အောက်မေ့နေလေသလား။
သိပ်မှားနေပြီ၊ အာဏာရှင်တို့ ရေ။
လူသားပီသမှုဆိုတဲ့ စံနှုန်းတခုနဲ့ တင် ခင်ဗျားတို့ တွေ ရှုံးနေကြပြီ။အာဏာရှင်တို့ ကို ပြောချင်တဲ့ စကားသံတွေက ကျွန်မ အတွေးထဲကို ဆက်ဝင်လာတာမို့နောက်တကြိမ် တောက်မခေါက်မိအောင် အချိန်မှီ ထိန်းလိုက်ရတယ်။
မနီလာသိန်းရေ။
မနီလာတို့ ရဲ့ ကိုယ်ကျိုးစွန့် မှု၊ အနစ်နာခံမှု၊ ရဲရင့်ပြတ်သားမှု၊ ရိုးသားဖြောင့်မတ်မှုတွေဟာ စစ်အာဏာရှင်တို့ ရဲ့ ကိုယ်ကျိုးရှာမှု၊ စာနာစိတ် ကင်းမဲ့မှု၊ ရက်စက်ယုတ်မာမှုနဲ့  ကောက်ကျစ်မိုက်ရိုင်းမှုတွေကို အနိုင်ရသွားမှာပါ။များမကြာမီတဲ့ အချိန်တခုဆိုရင် အာဏာရှင်စနစ်ဆိုးအောက်က လွတ်မြောက်လာတဲ့ ပြည်သူလူထုရဲ့ အောင်ပွဲရလက်ခုပ်သံတွေ မိုးလုံးပြည့် ညံ ကြားရတော့မှာပါ ဆိုတာ ယုံကြည်ရင်း။
ခင်မမမျိုး (၂၀၀၇)

ဆက်ဖတ်ရန်...

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဆန္ဒပြပွဲပြုလုပ်နေစဉ်၊




နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်ရှိ မြန်မာ့ ဒီမိုကရေစီ ရေး လှုပ်ရှားသူများ ပိုစတာများ ကိုင်ဆောင်ပြီးတော့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူများ အနေဖြင့် လည်း တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

ဆက်ဖတ်ရန်...

ကိုရီးယားက မြန်မာ့အရေး ဆန္ဒပြပွဲ (နိုဝင်ဘာ ၂၃ ရက်၊၂၀၀၈၊ ဆိုးလ်မြို့၊ ကိုရီးယား)။

ဆက်ဖတ်ရန်...

အိန္ဒိယရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများမှ နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး ဆန္ဒပြပွဲ၊




နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အိန္ဒိယရှိ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားသူများမှ ပိုစတာများ ကိုင်ဆောင်ပြီးတော့ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ အနေဖြင့် လည်း တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။

ဆက်ဖတ်ရန်...

FBF statement (1/2008)

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

နေ့စွဲ - ၂၂ရက်၊နိုဝင်ဘာလ၊၂၀၀၈ ခုနှစ်


တိုက်တွန်းနှိုးဆော်စာ (/၂၀၀၈)

(၈၈ နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အမျိုးသားနေ့အမျိုးသားရေးနှိုးဆော်လွှာ)


ပြည်တွင်းပြည်ပ မြန်မာအမျိုးသားအပေါင်းတို့။

အကြောင်းအရာ။မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် မတရား ထိန်းသိမ်းခံထားရသူများအပေါ် စစ်အစိုးရမှ ၄င်းတို့အာဏာတည်မြဲရေးအတွက်၊ ဥပဒေနှင့် တရားစီရင်ရေးကို အလွဲသုံးစားပြု၊ လုပ်ဆောင်နေမှုများကို ၀ိုင်းဝန်း ကန့်ကွက်၊ ရှုတ်ချ ကြပါရန်၊ တိုက်တွန်းနှိုးဆော်ခြင်း

()

မန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ပြည်သူလူထုကိုယ်စားငြိမ်းချမ်းစွာ ကိုယ်ကျိုးစွန့်ဆောင်ရွက်နေကြသည့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် ၂၀၀၇ခုနှစ် စက်တင်ဘာ ပြည်သူ့အရေးတော်ပုံတွင် ပါဝင်ဦးဆောင်ခဲ့ကြသော ရဟန်းရှင်လူပြည်သူများစွာတို့အား စစ်အာဏာရှင်လက်ပါးစေများမှ မတရားသဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကာ တရားစီရင်ရေး မဏ္ဍိုင်ကို အာဏာတည်မြဲရေး လက်ကိုင်ဒုတ်အဖြစ် အသုံးချလျှက် ဥပဒေမဲ့ တရားစီရင်မှုများဖြင့် အဓမ္မ ပြစ်ဒဏ်ချမှတ်လျှက်ရှိသည်။


ထို့အပြင်ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား မိသားစုနှင့်ဆုံတွေ့ရန် ဝေးကွာသော နေရာဒေသ အသီးသီးရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေခြင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများအား လျှစ်လျူရှု့ထားခြင်း အစရှိသဖြင့် ရုပ်ပိုင်းဆိုင်ရာ ညှင်းပမ်းမှုသာမက စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများကို အငြိုးကြီးစွာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်လျှက် ရှိသည်။


( )

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာရပ်များကို နိုင်ငံရေးနည်းလမ်းအရ သိက္ခာရှိရှိဖြေရှင်းနိုင်ရန် နိုင်ငံတကာမိသားစုများ ဒီမိုကရေစီအင်အားစုများမှ တစိုက်မတ်မတ်တောင်းဆိုခဲ့သော်လည်း၊ နအဖစစ်ကောင်စီအနေဖြင့်


(၁)သိက္ခာမဲ့စွာဖြင့် တိုင်းရင်းသားလူမျိုးစုများဆိုင်ရာ အခွင့်အရေးများနှင့် ပြည်သူလူထုတရပ်လုံး၏ အခြေခံအခွင့်အရေးများကို၊ ဆက်တိုက်ချိုးဖောက် ကျူးလွန် နေခြင်း၊
(၂)၁၉၉၀ခု၊ လူထုဆန္ဒအမှန် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည်ဖေါ်ဆောင်ရန် ပျက်ကွက်ရုံမျှမက တဘက်သတ် ရေးဆွဲပြဌာန်း အတည်ပြုထားသော၊ စစ်အခြေပြု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်အာဏာရှင်စနစ်ဖြင့်ထာဝရ၊ တရားဝင်၊ စစ်ကျွန်ပြုနိုင်ရေးအတွက်၊ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲကို၊ အဓမ္မကျင်းပရန် စီစဉ်နေခြင်း
(၃)စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော တွေ့ဆုံဆွေးနွေးအဖြေရှာရန် တောင်းဆိုမှုများကို၊ နိုင်ငံရေး လှည့်စားမှု အဖြစ်သာ၊ ကာလရှည်စွာ အသုံးချနေခြင်း၊
(၄)ပြည်သူလူထု၏၊ နေ့စဉ်ဘ၀ လုံခြုံရေးနှင့် စားဝတ်နေရေး အထွေထွေကျပ်တည်းမှု ပြဿနာများကို ပြေလည်အောင် ဖြေရှင်း တာဝန်ယူမှု မရှိခြင်း၊
(၅)အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအား ဖိနှိပ်ခြိမ်းခြောက်ရန် တရားစီရင်ရေးမဏ္ဍိုင်ကို အာဏာအလွဲသုံးစား ပြုလုပ်နေခြင်း၊


အစရှိသဖြင့် စစ်အစိုးရမှ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး လမ်းကြောင်းပေါ်မှ သွေဖည်လျက် ပဋိပက္ခများ၊ အကျပ်အတည်း၊ ဆိုးကျိုးများ၊ ပိုမိုဖြစ်လာစေရေးကိုသာ၊ ဦးတည်လျှက်ရှိသည်။



ထိုသို့စီးပွားရေးလူမှုရေး ပညာရေး တရားစီရင်ရေး အခြေခံ လူ့အခွင့်ရေး တိုင်းရင်းသား အခွင့်အရေးများ ဘက်စုံချွတ်ချုံ ကျလာအောင် မတရားဖိနှိပ်အုပ်စိုးထားသည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအား အမိမြန်မာပြည်တွင် အမြစ်မကျန် တွန်းလှန်ဖယ်ရှားပြီး၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး၊ ဘုံရည်မှန်းချက်သို့ ပြည်တွင်းပြည်ပရှိနိုင်ငံရေးခေါင်းဆောင်များနှင့်၊ နိုင်ငံရေး ဦးဆောင် အဖွဲ့အစည်းများ၊ အင်အားစုများ၊ စစ်မှန်သော မြန်မာ့ဒီမိုကရေစီရေး လိုလားသူ နိုင်ငံတကာ အသိုင်းအဝိုင်း အားလုံးတို့သည်၊ ပြည်သူလူထု အကျိုးကို ရှေ့ရှုလျှက်တသားတည်းတသံတည်းစုစည်းညီညွတ်စွာဖြင့် အဆုံးသတ်တိုက်ပွဲကို၊ အစွမ်းကုန် စွန့်လွှတ်၊ တိုက်ပွဲဝင်သွားနိုင်ရန်မှာ၊ အရေးအကြီးဆုံးပင်ဖြစ်သည်။


ထိုအရေးကြီးဆုံးတိုက်ပွဲ၏ ပထမဆုံး လှုပ်ရှားမှုကြီးအဖြစ် -

--ဖ ၏ လမ်းပြမြေပုံ()ချက်အရ၊ ၂၀၁၀ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ ဖော်ဆောင်ရေး၏ အဟန့်အတား ဖြစ်သည့်အပြင် ၄င်းရွေးကောက်ပွဲအား အသိအမှတ်ပြုခြင်းသည် အနာဂတ်ကမ္ဘာ့သမိုင်းတွင်လည်း စစ်အာဏာရှင် အကြမ်းဖက်အစိုးရတရပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရက်စက်ကြမ်းကြုတ်မှုများ လှည့်ဖျားမှုများကို ကမ္ဘာကြီးမှမသိကျိုးနွံပြု အသိအမှတ်ပြုရာရောက်သည့် အစဉ်လာ အမဲစက်တရပ်ဖြစ်နေနိုင်ကြောင်း နိုင်ငံတကာ မိသားစုအနေဖြင့် တာဝန်ရှိကြောင်း သတိပြုမိစေရန် ရည်ရွယ်၍ု၊ ဖိနှိပ်ခံနေရသော မြန်မာပြည်သူလူထုကိုယ်စား လှုပ်ရှားမှုများ ဆောင်ရွက်သွားနိုင်ရန် အတွက်

(က) ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှစ၍၊ နိုင်ငံတကာရှိ မြန့်မာဒီမိုကရေစီရေး လိုလားသူ အင်အားစုများ အနေဖြင့်၊ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်တိုင်းရင်းသားခေါင်းဆောင်များ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ သံဃာတော်များ အပါအဝင်နိုင်ငံရေးအရ မတရားထိမ်းသိမ်း ခံထားရသူများအားလုံး၊ ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး ဆန္ဒပြတောင်းဆိုပွဲများ၊ ဆုတောင်းပွဲများကို နိုင်ငံအလိုက် တပြိုင်နက် ဆက်တိုက်၊ လှုပ်ရှား ဆောင်ရွက်သွားပေးရန်၊

() သက်ဆိုင်ရာနိုင်ငံအလိုက်၊ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂရုံးများသို့စစ်အစိုးရ၏ လုပ်ရပ်အား၊ ပြတ်သားစွာရှုံ့ချပြီး ထိရောက်စွာ အရေးယူပေးပါရန် တရားဝင် အသိပေး တောင်းဆိုခြင်းများ ပြုလုပ်ကြပါရန် ကျွန်ုပ်တို့ မြန်မာ ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် ( FBF )မှ အလေးအနက်၊ တိုက်တွန်း နှိုးဆော်အပ် ပါသည်။


ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီ


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်


ဆက်ဖတ်ရန်...

ဓါတ်ပုံစလိုက်

ဒေါ်စုစည်းရုံးစဉ်

Subscriber

Enter your email address:

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ တင်သမျှသတင်း၊ဆောင်းပါးများကို အီးမေးလ်ပို့ပေးစေချင်လျှင်အထက်ပါဖောင်ထဲတွင် သင့်အီးမေးလ်လိပ်စာထည့်ခဲ့ပါရန်။

Delivered by FeedBurner

ကျွနု်ပ်တို့အားအီးမေးလ်ပို့ချင်ပါလျှင်
ဤနေရာသို့နှိပ်ပါရန်... မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်

ဗိုလ်ချုပ်မွေးနေ့

ခေါင်းဆောင်များ